ဘုတ်ပြင်းမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်

ဘုတ်ပြင်း   ဇူလိုင်   ၆

တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ရက်(၁၀၀)စီမံချက်ဖြင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိရာ ဇူလိုင် ၆ ရက်က အောင်မင်္ဂလာရပ်ကွက်ရှိ ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဘုတ်ပြင်းမြို့နယ် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာထွန်းထွန်းကျော် ဦးဆောင်၍ လက်ထောက်ဆရာဝန်၊ သူနာပြုဆရာမများ၊ အထောက်အကူပြုအဖွဲ့များပါဝင်သည့် ကွင်းဆင်းဆေး အဖွဲ့သည် အထွေထွေလူနာ ၂၇  ဦး၊ ခွဲစိတ်လူနာ ၈ ဦး၊ ကလေးလူနာ  ၅  ဦး၊ စုစုပေါင်းလူနာ ၄၀ အား လိုအပ်သည့် စမ်းသပ်ကုသမှုများကို အခမဲ့ဆောင်ရွက်ပေးခြင်း၊  ရပ်ကွက်နေးပြည်သူ ၁၅၀ အား သွေးတိုးနှင့်ဆီးချိုရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ အသိပညာပေးနှင့် ကျန်းမာရေးဆိုင်ရာအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

အဆိုပါ ကျန်းမာရေးကွင်းဆင်းစမ်းသပ်ကုသခြင်းဆောင်ရွက်နေမူကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုအရေးအသင်းအဖွဲ့ဝင်များက  ကြည့်ရှုအားပေးခဲ့ပြီး  လိုအပ်သည်များပူးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)