မတ္တရာမြို့နယ်၌ ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့ အထိမ်းအမှတ် စုပေါင်းသစ်ပင်စိုက်ပျိုး

မတ္တရာ ဇူလိုင် ၆

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သော ၂၀၂ခုနှစ် ဇူလိုင်ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့အထိမ်းအမှတ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီက မတ္တရာ မြို့နယ် ဝက်ခဲကျေးရွာနှင့် ကုန်းကြီးကျေးရွာတို့တွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခေတ္တမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်အောင်ထွန်းမှ အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံခန့်ခွဲရေး နှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်‌အောင်ထွန်း၊မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးဝေဖြိုးတို့မှ ပျိုးပင်များကိုပေးအပ်ရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်အေးအေးနွယ်နှင့် ကျေးရွာ တာဝန်ရှိသူများမှ လက်ခံရယူခဲ့ကြသည်။

ဆက်လက်၍  မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးနွယ်နှင့်ဝန်ထမ်းများ၊ သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးဝေဖြိုးနှင့်ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင် အရာရှိ ဦးသန်းစိုး၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာသူ/ကျေးရွာသားများမှ ဝက်ခဲ‌ကျေးရွာရွာအဝင်လမ်းဘေး ဝဲ/ယာတို့တွင် ကျွန်းပင်၊ ပိတောက်ပင်၊ တပေဘူတပင်၊ လက်ခုပ်ပင်၊  မည်စည်ပင်နှင့် စိန်ပန်းပင် စုစုပေါင်း ၁၀၀ပင်နှင့် ကုန်းကြီးကျေးရွာ ရွာအဝင်လမ်းဘေးဝဲယာ၌ သစ်ပျိုးပင် ၁၀၀ပင် စုစုပေါင်း ၂၀၀ ပင် စိုက်ပျိုးခဲ့ကြောင်း သိရသည်။

ရွှေရာသား