သတင်းများ

ဥတ္တရသီရိမြို့နယ် မရမ်းခုံကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပ
Feb 14,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ တောင်ညိုကျေးရွာအုပ်စု၊ မရမ်းခုံကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျောင်းသား၊ ကျောင်းသူ၊ လူငယ် လူရွယ်များ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ဗလငါးတန်ပြည့်စုံ၍ ဘက်စုံထူးချွန်ထက်မြက်သော အနာဂတ်လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေး “လူငယ်စကားဝိုင်း”ကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်း ပတ္တမြားဆောင်တွင် ကျင်းပခဲ့သည်။
မော်လမြိုင်မြို့နယ်၌ (၇၈) ကြိမ်မြောက် မွန်အမျိုးသားနေ့ (ဗဟို) အခမ်းအနားကျင်းပ
Feb 14,2025
မွန်ပြည်နယ် မော်လမြိုင်မြို့နယ်၌ (၇၈) ကြိမ်မြောက် မွန်အမျိုးသားနေ့ (ဗဟို) အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ မွန်ဓမ္မာရုံ၌ ကျင်းပခဲ့သည်။
လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ
Feb 14,2025
ဒေသနေပြည်သူများနှင့် ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်များ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် ကြီးမားပုံနှင့် ဆိုးကျိုးများအကြောင်း သိရှိရှောင်ရှား တတ်စေရန်ရည်ရွယ်၍ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့ နံနက် ၁၁ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆိပ်ဖြူမြို့နယ်တွင် အခြေခံပညာကျောင်းများ မီးဘေးလုံခြုံရေးစစ်ဆေး
Feb 14,2025
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် စာမေးပွဲဖြေဆိုမည့် အခြေခံပညာကျောင်းများ မီးဘေးအန္တရာယ်လုံခြုံမှုစစ်ဆေးခြင်းလုပ်ငန်းကို ယနေ့နံနက် ၉ နာရီက ဆိပ်ဖြူ(အ.ထ.က)ကျောင်း၌ ဆောင်ရွက်သည်။
ပခုက္ကူမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့်စာစစ်ဌာနကျောင်းများ မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး
Feb 14,2025
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနကျောင်းများ မီးဘေးလုံခြုံရေးအတွက် ယနေ့ နံနက် ၁၀ နာရီအချိန်က ကွင်းဆင်းစစ်ဆေးကြသည်။
တာချီလိတ်မြို့၌ ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်းဆင်းပွဲတွင် သင်တန်းဆင်း Certificate လက်မှတ်နှင့် ထူးချွန်သူများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်
Feb 14,2025
ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်ပံ့ပိုးမှု၊ ရှမ်းပြည်နယ် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနနှင့် မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (ရွှေတြိဂံဇုန်)တို့ ပူးပေါင်းစီစဉ်ဖွင့်လှစ်သည့် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်း(၃)မျိုး သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်ရှိ ဟိုတယ်တာချီလိတ်ခန်းမတွင် ကျင်းပပြုလုပ်သည်။
တန့်ယန်းမြို့နယ်တွင် အောက်စီဂျင်စက်ရုံအတွက် ဓာတ်အားပေးစက် ဝယ်ယူရောက်ရှိပြီဖြစ်ရာ မကြာမီ အောက်စီဂျင် ဖြန့်ဝေပေးနိုင်မည်
Feb 14,2025
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ် ပြည်သူ့ဆေးရုံတွင် အသုံးပြုနေသော အောက်စီဂျင်စက်ရုံအတွက် လျှပ်စစ်ဓာတ်အားပေးစက်အား တာဝန်ရှိသူများနှင့် အများပြည်သူများ စုပေါင်းလှူဒါန်းမှုဖြင့် ဝယ်ယူရောက်ရှိပြီဖြစ်ရာ မကြာမီ အောက်စီဂျင် ဖြန့်ဝေပေးနိုင်မည်ဖြစ်သည်။
မြိတ်မြို့တွင် မြေဩဇာ၊ မျိုးစေ့၊ ပိုးသတ်ဆေးနှင့် အပင်ပိုးမွှား ကာကွယ်သည့် ဥပဒေ၊ နည်းဥပဒေဆိုင်ရာ အသိပညာပေးဆောင်ရွက်
Feb 14,2025
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် စိုက်ပျိုးရေးသုံးပစ္စည်းများ ရောင်းချလျက်ရှိသော အရောင်းဆိုင်များ၊ အရောင်းကိုယ်စားလှယ်များအား  စိုက်ပျိုးရေးသုံးပစ္စည်းများဖြစ်သည့် မြေဩဇာ၊ မျိုးစေ့၊ ပိုးသတ်ဆေးနှင့် အပင်ပိုးမွှား ကာကွယ်သည့် ဥပဒေ၊ နည်းဥပဒေဆိုင်ရာကို သိရှိလိုက်နာကြစေရန်အတွက် စိုက်ပျိုးရေးဦးစီးဌာန မြိတ်ခရိုင်ဦးစီးမှူးရုံးတွင် ယနေ့နံနက်ပိုင်းက အသိပညာပေး ဆွေးနွေးခဲ့ကြသည်။