တန့်ယန်း ဖေဖော်ဝါရီ ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ် ပြည်သူ့ဆေးရုံတွင် အသုံးပြုနေသော အောက်စီဂျင်စက်ရုံအတွက် လျှပ်စစ်ဓာတ်အားပေးစက်အား တာဝန်ရှိသူများနှင့် အများပြည်သူများ စုပေါင်းလှူဒါန်းမှုဖြင့် ဝယ်ယူရောက်ရှိပြီဖြစ်ရာ မကြာမီ အောက်စီဂျင် ဖြန့်ဝေပေးနိုင်မည်ဖြစ်သည်။
အဆိုပါ လျှပ်စစ်ဓာတ်အားပေးစက်အား အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် အရာရှိများ၊ အခြေချစစ်ဗျူဟာအဖွဲ့(တန့်ယန်း)မှ စစ်ဗျူဟာမှူးနှင့် အရာရှိများ၊ ခရိုင်နှင့် မြို့နယ်တို့မှ အကြီးအကဲများနှင့် ဌာနဆိုင်ရာများ၊ စေတနာရှင်၊ အလှူရှင် အများပြည်သူများ စုပေါင်းလှူဒါန်းမှုဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရပြီး မကြာမီ အောက်စီဂျင်လိုအပ်သော ပြည်သူများအား ဖြန့်ဝေပေးနိုင်တော့မည်ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
မင်းလွင်ဦး(တန့်ယန်း)
