သတင်းများ

မြစ်သားမြို့နယ်တွင် စမ်းဝတီသဘာဝမြေသြဇာသုံးစွဲနည်း ပညာပေးဟောပြောပွဲအခမ်းအနား ကျင်းပ
Feb 14,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မန္တလေးတိုင်းဒေသကြီးအသင်းစုချုပ်နှင့် စမ်းဝတီသဘာဝမြေသြဇာထုတ်လုပ်ရေး သမဝါယမအသင်းတို့ အကျိုးတူပူးပေါင်းဆောင်ရွက်သည့် သဘာဝမြေသြဇာသုံးစွဲနည်းပညာပေးဟောပြောပွဲကို မြို့နယ်သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်‌နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
မုံရွာမြို့၌ ၂၀၂၅ ခုနှစ် (၁၁၀)နှစ်ပြည့် မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ်ပျော်ပွဲရွှင်ပွဲ အခမ်းအနားကျင်းပ
Feb 14,2025
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန၏အနီးကပ်ကြီးကြပ်မှုဖြင့် မုံရွာမြို့ နန္ဒဝန်မူလတန်းကြိုကျောင်းမှကြီးမှူးပြီး ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၃)ရက်တွင် ကျရောက်သည့် (၁၁၀)နှစ်ပြည့် မြန်မာနိုင်ငံ ကလေးများနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲအခမ်းအနားကို ယန့နံနက်(၈)နာရီက စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သာကေတမြို့နယ်တွင် ပန်းခင်းစီမံချက်အဆင့် (၃) နိုင်ငံသားစိစစ်ရေးကဒ်ပြားများပေးအပ်
Feb 14,2025
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း စိန်ညီလာခန်းမတွင် ယနေ့နံနက် (၁၀) နာရီအချိန်က လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် ဆောက်ရွက်ပြီးစီးသည့် နိုင်ငံသားစီစစ်ရေးကတ်ပြားပေးအပ်ပွဲ အခမ်းအနားကိုကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးသူရိန်ဇော်၊ အဖွဲ့ဝင် (၂) ဦးညွန့်ဝေ၊ အဖွဲ့ဝင် (၃) မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အား ဝန်ကြီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးစံသိန်း၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့ရဲမှူးညွှန့်ဝင်း မြို့နယ်အမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်ပြည့်ဖြိုးဝင်းနှင့်အဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
မုံရွာမြို့နယ်အတွင်း မီးလောင်မှုမီးလန့်မှုများ မဖြစ်ပွားစေရေး မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု ကွင်းဆင်းစစ်ဆေး
Feb 14,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ မီးသတ်ဦးစီးဌာန၏ အနီးကပ်ကြီးကြပ်လမ်းညွှန်မှုဖြင့် မုံရွာမြို့နယ်အတွင်း မီးလောင်မှုမီးလန့်မှုများ မဖြစ်ပွားစေရေးနှင့်ပြည်သူများ မီးဘေးအသိ မီးဘေးသတိရှိနေစေရေးအတွက် အစဥ်အလေးထားကာ မုံရွာမြို့နယ် မီးသတ်ဦးစီးမှူး ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များသည် မြို့ပေါ်ရပ်ကွက်များရှိ စာသင်ကျောင်းများ၊ ဈေးများ၊ ရုံးများ၊ လူနေအိမ်များတို့တွင် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေအား ယမနနေ့နံနက်ပိုင်းမှစတင်ပြီး ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဌာနဆိုင်ရာဝန်ထမ်းများအား ချီးမြှင့်ငွေများပေးအပ်၊ အမှတ်(၁၁) အခြေခံပညာ မူလတန်းကျောင်း(၂)ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲ တက်ရောက်
Feb 14,2025
ကချင်ပြည်နယ်အတွင်းရှိ ခရိုင်၊ မြို့နယ်များမှ နယ်မြေလုံခြုံရေးအရ ပြည်နယ်ရုံးများတွင် လာရောက်တွဲဖက်တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ကြီးဌာနအသီးသီးအောက်ရှိ အရာထမ်း/ အမှုထမ်းဝန်ထမ်းများအား ချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးမေခခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အားပေးချီးမြှင့်ခဲ့ကြောင်း သိရသည်။
မရမ်းကုန်းမြို့နယ် အမှတ် (၅) အခြေခံပညာအထက်ကျောင်းတွင် ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ
Feb 14,2025
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ် (၅) အခြေခံပညာအထက်ကျောင်းတွင် ယနေ့နံနက် (၁၀) နာရီအချိန်က ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပခဲ့ကြောင်း သိရသည်။
မုံရွာခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပန်းအလှဆင်သင်တန်းဖွင့်လှစ်
Feb 14,2025
ဒေသတွင်း လူငယ်များ အလုပ်အကိုင် အခွင့်အလမ်းများရရှိကာ လူမှုစီးပွားဘဝပြည့်စုံရေး အထောက်အကူပြုနိုင်ရန် ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွန်ပုံ ပိုးပေးမှုဖြင့် မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန( Community Centre )ခန်းမ၌ ပန်းအလှဆင်သင်တန်း ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီ ခွဲ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သဲကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Feb 14,2025
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က စာရေးဆရာ​​ လူထုစိန်ဝင်းရေးသားထားသည့် အတွေးအမြင်ဆောင်းပါးများ စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။