သတင်းများ

ချောက်/လမ်းရွာရေနံမြေ၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် CSR လုပ်ငန်းလွှဲပြောင်းပွဲနှင့် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲ အခမ်းအနားကျင်းပ
Feb 14,2025
မ​ကွေးတိုင်း​ဒေသကြီး​၊‌ ချောက်ခရိုင်၊ ချောက်မြို့နယ်၌ မြန်မာ့​ရေနံနှင့်သဘာဝဓာတ်​ငွေ့လုပ်ငန်း၊​ချောက်/လမ်းရွာ​ရေနံ​မြေ၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် CSR လုပ်ငန်းလွှဲပြောင်းပွဲနှင့် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ချောက်/လမ်းရွာရေနံမြေ လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်းကျောင်းတွင် ကျင်းပ​သည်။
ဝါးခယ်မမြို့နယ်တွင် စာဖတ်ရှိန်မြှင့်မားရေးအတွက် လူငယ်စကားဝိုင်းနှင့်လူငယ်​ရေးရာ အသိပညာ​ပေး​​ဟော​ပြောပွဲဆောင်ရွက်
Feb 14,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူး​ပေါင်း၍ စာဖတ်ရှိန်မြင့်မား​ရေးနှင့် ဗလငါးတန်ဖွံ့ဖြိုး​စေရန်အတွက် ​​အောက်သက္ကယ်​ကျေးရွာအုပ်စု အ.ထ.က(ခွဲ) ကျန်းမာကုန်းကျောင်းသို့ သွား​ရောက်၍ လူငယ်စကားဝိုင်းနှင့်လူငယ်​ရေးရာ အသိပညာ​ပေး​ဟော​ပြောပွဲကို​ ယ​မန်နေ့နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။
တာချီလိတ်မြို့နယ် သံဃာ့နာယကအဖွဲ့ ဆရာတော်များ၏ အနားယူ၊ အစားထိုးရွေးချယ်ပွဲ အခမ်းအနားကျင်းပ
Feb 14,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ တာချီလိတ်၊ မိုင်းဖြတ်၊ မိုင်းယောင်း၊ မိုင်းတုံ၊ မိုင်းဆတ်မြို့နယ် သံဃာ့နာယကအဖွဲ့ ဆရာတော်များ၏ အနားယူ၊ အစားထိုးရွေးချယ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က နဂါးနှစ်ကောင်ကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဌာနဆိုင်ရာရုံးအဆောက်အဦများ မီးဘေးလုံခြုံရေးအတွက် စစ်ဆေးအကြံပေးခြင်း၊ DCP မီးသတ်ဆေးဘူးဖြင့် လက်တွေ့မီးငြှိမ်းသတ်ပုံသရုပ်​ပြသခြင်းနှင့် မီးသတ်ယာဥ်ဖြင့် ရေစိုဇာတ်တိုက်လေ့ကျင့်ခြင်းများဆောင်ရွက်
Feb 14,2025
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ဌာနဆိုင်ရာရုံးအဆောက်အဦများနှင့် ဝန်ထမ်းမိသားစုအိမ်ရာများတွင် မီးဘေးလုံခြုံရေးအတွက် စစ်ဆေးအကြံပေးခြင်း၊ ဝန်ထမ်းများနှင့် မိသားစုဝင်များအား DCP မီးသတ်ဆေးဘူးဖြင့် လက်တွေ့သရုပ်ပြသခြင်းနှင့် မီးသတ်ယာဥ်ဖြင့် ရေစိုဇာတ်တိုက်လေ့ကျင့်ခြင်းများကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်သစ်တောဦးစီးဌာနရုံးဝန်း၌ ဆောင်ရွက်ခဲ့သည်။
နမ့်စန်တွင် ကျောင်းသား၊ ကျောင်းသူများကို စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြော၍ ရွေ့လျားစာကြည့်တိုက်ဆောင်ရွက်
Feb 14,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲက ပန်လင်းဆိုင်ကျေးရွာရှိ လွိုင်ငင်းကြီး အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ပြုလုပ်ခဲ့သည်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ ကျောင်းများသို့ သွားရောက်လေ့လာခဲ့သော အတွေ့အကြုံများရှင်းလင်းပွဲ အခမ်းအနားကျင်းပ
Feb 14,2025
ရန်ကုန်တိုင်း‌ဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် မြန်မာ-ထိုင်း ပူးပေါင်းအစီအစဉ်အဖြစ် အထူးလိုအပ်ချက်ရှိသော ကလေးများအတွက် အကျိုးဖြစ်ထွန်းစေရန် အားလုံးပါဝင်သော ပညာရေးသင်တန်းအစီအစဉ်အရ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ(၁၈)ရက်နေ့မှ (၂၉)ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ ကျောင်းများသို့ သွားရောက်လေ့လာခဲ့သောအတွေ့အကြုံများ ရှင်းလင်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ(၁)နာရီက အ.ထ.က(ခွဲ) အမှတ်(၇)အ‌ခြေခံပညာအလယ်တန်းကျောင်း စုဝေးခန်းမ၌ ကျင်းပသည်။
ဟင်္သာတခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ မီးခိုးမြူငွေ့ကင်းစင်သော ပတ်ဝန်းကျင်ကောင်းများဖြစ်စေရေး ကွင်းဆင်းစစ်ဆေး
Feb 14,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနနှင့် ခမောက်စု ကျေးရွာမီးဘေးလုံခြုံရေးအဖွဲ့တို့ပူးပါင်း၍ ယမန်နေ့နံနက် ၁၀ နာရီက လေးမျက်နှာမြို့နယ်၊ ခမောက်စုကျေးရွာ၊ စက်ပိုင်း(၂)ရပ်ကွက်၌ မီးခိုးမြူငွေ့ညစ်ညမ်းမှု မရှိစေရန်နှင့် ပဲများ ရိတ်သိမ်းပြီးနောက် ရိုးပြတ်များ မီးရှို့ဖျက်ဆီးမှုမရှိစေရန် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ရွှေကျင်သာသနာပိုင် သီတဂူဆရာတော်ကြီးအား အောင်ဇမ္ဗူဆရာတော်နှင့် တပည့် ဒါယကာ၊ ဒါယကာမများက နဝကမ္မ ကျပ်သိန်း (၁၀၀၀) လှူဒါန်းပွဲကျင်းပ
Feb 14,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ ဘေလီတံတားအဆင်းရှိ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ရှိ သန္နိပါတခန်းမ‌ဆောင်တွင် ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မ‌ ဇောတိက နိုင်ငံတော်ဩဝါဒစရိယ သောဠသမရွှေကျင်နိကာယ သံဃရာဇာ ရွှေကျင်သာသနာပိုင် သီတဂူဆရာတော်ကြီးအား အောင်ဇမ္ဗူဆရာတော်ဘုရားမှ ဦးဆောင်၍ အောင်ဇမ္ဗူဆရာတော်နှင့် တပည့် ဒါယကာ၊ ဒါယကာမများက နဝကမ္မ ကျပ်သိန်း (၁၀၀၀) လှူဒါန်းပူ‌ဇော်ခဲ့ကြောင်း သိရသည်။