သတင်းများ

မိုင်းကိုင်မြို့နယ်၌ (၄၅)ကြိမ်မြောက် ပရိယတ္တိသဒ္ဓမ္မပါလစာပြန်ပွဲတော် ကျင်းပ
Feb 14,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ ပရိယတ္တိစာပေကျမ်းဂန်တတ်မြောက်သည့် ရဟန်းသံဃာတော်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍  (၄၅)ကြိမ်မြောက်၊ ရှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မပါလစာပြန်ပွဲကို ယမန်နေ့မှစ၍ မိုင်းကိုင်မြို့နယ်၏ စာဖြေဌာနများဖြစ်သော မြို့လယ်ဓမ္မာရုံ၊ မဇ္ဈိမာရာမပရိယတ္တိစာသင်တိုက်တို့တွင် ကျင်းပပြုလုပ်လျက်ရှိသည်။
ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး
Feb 14,2025
ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်မြို့၊ နောင်ယား (က) ရပ်ကွက်၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန၏ စုပေါင်းဝန်ထမ်းအိမ်ရာသို့ရောက်ရှိကာ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ပြည်နယ်ညွှန်ကြားရေးမှူးက ပြည်နယ်အစိုးရအဖွဲ့၏ ဖြည့်စွက်ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ဝန်ထမ်းအိမ်ရာများပြုပြင် ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် (၄) ခန်းတွဲ (၃) ထပ်ဝန်ထမ်းအိမ်ရာ (၁၂) လုံးနှင့် ဓမ္မာရုံ ပြုပြင်နေမှုအခြေအနေများ၊ အိမ်ရာဝန်းအတွင်း ဝန်ထမ်းများသန့်ရှင်းသောသောက်သုံးရေရရှိစေရေး ရေသန့်စက်တပ်ဆင်ထားရှိမှု အခြေအနေများကို အသေးစိတ်ကြည့်ရှုစစ်ဆေးခဲ့ကာ အဆောက်အအုံများ စနစ်တကျဖြင့် ရေရှည်အသုံးပြုနိုင်ရေး၊ ထိခိုက်ပျက်စီးမှုကြီးမားသည့် အဆောက်အအုံများအား ကြံ့ခိုင်မှုအရည်အသွေး ပိုမိုကောင်းမွန်စေရေး၊ အဆောက်အအုံ ပြုပြင်ခြင်းလုပ်ငန်းများ အရည်အသွေး ပြည့်မီစွာဖြင့် အချိန်မီပြီးစီးစေရေး၊ အဆောက်အဦပတ်ဝန်းကျင် သန့်ရှင်းရေးတို့ကို စနစ်တကျ ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ပုဗ္ဗသီရိမြို့နယ် အခြေခံပညာအလယ်တန်းကျောင်း (ရွာတော်)၌ လူငယ်စကားဝိုင်းကျင်းပ
Feb 14,2025
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
သင်္ဃန်းကျွန်းမြို့နယ်တွင် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်‌စေရန် “လူငယ်စကားဝိုင်း” ကျင်းပ
Feb 14,2025
ရန်ကုန်တိုင်း‌ဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က သင်္ဃန်းကျွန်းမြို့နယ်၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
မောက်မယ်မြို့နယ်၌ မှုခင်းကျဆင်းရေးအသိပညာပေးဟောပြောပွဲ ကျင်းပ
Feb 14,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း၌ မှုခင်းကျဆင်းရေးအသိပညာပေးဟောပြောပွဲအခမ်းအနားကို ယနေ့ နေ့လယ် ၂ နာရီက အဆိုပါကျောင်း နှင်းဆီဆောင်ခန်းမတွင် ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ပညာရေးဌာနမှဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ကျောက်ပန်းတောင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနှင့် မြို့မနယ်မြေရဲစခန်းတွင် မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြော၍ မီးဘေးကာကွယ်ရေး စစ်ဆေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်များ ဆောင်ရွက်
Feb 14,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးသန်းမြင့်နှင့် အဖွဲ့ဝင်များသည် ယမန်နေ့ညနေ(၃)နာရီက မီးဘေးလုံခြုံရေး စစ်ဆေး ပညာပေးခြင်းနှင့် မီးငြှိမ်းသတ်နည်း ဇာတ်တိုက်လေ့ကျင့်ခြင်းများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးနှင့် မြို့မနယ်မြေ ရဲစခန်းတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လင်းခေးမြို့နယ်တွင် မြို့နယ်သံဃာ့ဝန်ဆောင် အစည်းအဝေးကျင်းပ
Feb 14,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်အတွင်းရှိ လင်းခေး၊ မောက်မယ်၊ မိုင်းပန်၊ မိုးနဲ(၄) မြို့နယ်သံဃာ့နာယကအဖွဲ့ဝင် ဆရာတော်ကြီးများအနားယူခြင်း ပြန်လည်ရွေးချယ်ပွဲနှင့် မြို့နယ်သံဃာ့ဝန်ဆောင်အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲက နားကုန်းစာသင်တိုက်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တောင်ငူမြို့၌ ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များ ရှင်းလင်းဆွေးနွေး
Feb 14,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ရုံး၌ ယမန်နေ့နံနက်ပိုင်းက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမျိုးလှိုင်မှ ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များ ရှင်းလင်းဆွေးနွေးရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဦးညီညီလွင်စိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အရာရှိများနှင့် အမှုထမ်းများ တက်ရောက်ကြသည်။