သတင်းများ

လှိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန community centre ခန်းမတွင် အခြေခံစာစီစာကုံးရေးသားနည်းသင်တန်းဖွင့်ပွဲ ကျင်းပ
Feb 14,2025
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ စီစဉ်မှုဖြင့် ကျောင်းသား/သူများ စာလုံးပေါင်းသတ်ပုံအသုံးအနှုန်းမှန်ကန်ရေးနှင့် အသံထွက်မှန်ကန်ရေး၊ စွမ်းဆောင်ရည်မြင့်မားရေး စသည့်အရည်အသွေးများ တိုးတက်ကောင်းမွန်စေရန် ရည်ရွယ်၍ အခြေခံစာစီစာကုံးရေးသားနည်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီတွင် လှိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန community centre ခန်းမ၌ ကျင်းပခဲ့သည်။
မိုင်းခုတ်မြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဉာဏ်စမ်းပြိုင်ပွဲ ကျင်းပ
Feb 14,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်စေရန်နှင့် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ ယနေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်က အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဉာဏ်စမ်းပြိုင်ပွဲ ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ရန်ကုန်တိုင်းဒေသကြီးကဏ္ဍအလိုက် ဌာနဆိုင်ရာပြခန်းများ၌ လာရောက်လေ့လာကြည့်ရှုသူများဖြင့် ကြိတ်ကြိတ်တိုးစည်ကား 
Feb 14,2025
၂၀၂၅ ခုနှစ် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် ရန်ကုန်မြို့ ဒဂုံမြို့နယ်ပြည်သူ့ရင်ပြင်၌ ရန်ကုန်တိုင်းဒေသကြီးကဏ္ဍအလိုက် ဌာနဆိုင်ရာပြခန်းများ၊ စျေးရောင်းပွဲတော်နှင့်  တေးဂီတဖျော်ဖြေပွဲကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ(၁၂)ရက်နေ့မှ (၁၄)ရက်နေ့အထိ နေ့စဉ်နံနက်(၇)နာရီမှ ည(၁၀)နာရီအထိ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိပြီး ယမန်နေ့ဒုတိယနေ့တွင်လည်း လာရောက်လေ့လာကြည့်ရှုသူပြည်သူများဖြင့် ကြိတ်ကြိတ်တိုးစည်ကားလျက်ရှိကြောင်း သိရသည်။
ပင်လောင်းမြို့၌ အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပ
Feb 14,2025
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် အသက် (၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လှည်းကူးမြို့နယ်တွင် မီးခိုးမြူငွေ့အန္တရာယ် အသိပညာပေးဟောပြောပွဲကျင်းပ
Feb 14,2025
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ ကြာအင်းအရှေ့ကွက်သစ်၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနင့် သစ်တောဦးစီးဌာနတို့ပူးပေါင်း၍ မီးခိုးမြူငွေ့လျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်သည်။
လဲချားမြို့နယ် ကလေးစာဖတ်ခန်းတွင် ဆေးရောင်ခြယ်ခြင်းနှင့် ပန်းအလှခေါက်ခြင်း Activities ဆောင်ရွက်
Feb 14,2025
ရှမ်းပြည်နယ်​တောင်ပိုင်း၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေးစာဖတ်ခန်းတွင် ကလေးလူငယ်များ စာပေဖတ်ရှုသည့် အလေ့အထကောင်းများ ဖြစ်ပေါ်လာစေရန်၊ အသိပညာဗဟုသုတ တိုးပွားလာစေရန်၊ ကလေးငယ်များစာကြည့်တိုက်အပေါ် စိတ်ပါဝင်စားလာစေရန်၊ ကလေးစာဖတ်ခန်းနှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ ပြောဆိုဆွေးနွေးနိုင်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ ယနေ့နံနက် (၁၀) နာရီအချိန် ကလေးစာဖတ်ခန်း Activities ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
မြောက်ဥက္ကလာပမြို့နယ်၌ အခြေခံစာကြည့်တိုက်ပညာသင်တန်းဖွင့်လှစ်ပို့ချ‌ပေးလျက်ရှိ
Feb 14,2025
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ ဖွင့်လှစ်သော အခြေခံစာကြည့်တိုက်ပညာသင်တန်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန် အဆိုပါရုံးလူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မိုင်းယောင်းမြို့နယ်၌ စာဖတ်ဝိုင်းပြုလုပ်
Feb 14,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ်တွင် စာအုပ်စာပေချစ်မြတ်နိုးသော ဝါသနာတူ ကလပ်အသင်းအဖွဲ့များသည် ယနေ့နံနက် ၈ နာရီက  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာရေးဆရာချစ်နိုင်(စိတ်ပညာ)ရေးသားသည့် လူငယ်နဲ့အခွင့်အလမ်းစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ကျင်းပခဲ့သည်။