သတင်းများ

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို Solar Power Plant စီမံကိန်းဆောင်ရွက်မည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်းအခမ်းအနားသို့တက်ရောက်
Feb 14,2025
ကော့သောင်းမြို့နယ်၊ ဆယ်မိုင်ကျေးရွာတွင် Solar Power Plant တည်ဆောက်ပြီးစီးမှုအခြေအနေ၊ အအေးခန်းစက်ရုံ ဆောက်လုပ်မည့်အစီအစဉ်နှင့် မြိတ်မြို့နယ်တွင် Solar Power Plant စီမံကိန်းဆောင်ရွက်မည့်လုပ်ငန်းများနှင့်စပ်လျဉ်း၍ Southern Coastline Group Co.,Ltd က ရှင်းလင်းတင်ပြခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီကထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်း အဝေးခန်းမ၌ ကျင်းပခဲ့သည်။
ပြည်ကြီးမဏ္ဍိုင်မြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင်  ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးဟော ပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲပြုလုပ်
Feb 14,2025
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ကျွန်းလှမြို့နယ်၌ နွေစပါးပျိုးသက်နုကောက်ကွက်ကြဲ (SRI) စိုက်ပျိုးနည်း ကွင်းသရုပ်ပြပွဲကျင်းပ
Feb 14,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် နွေစပါး ပျိုးသက်နုကောက်ကွက်ကြဲ (SRI) စိုက်ပျိုးနည်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက် ၈ နာရီက ဘိုယားတမံအနီး လယ်မြေ ၅ ဧက၌ ကျင်းပသည်။
ဘုတ်ပြင်းမြို့၌ (၇၈)ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကျင်းပ
Feb 14,2025
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့တွင်(၇၈)ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကို ယနေ့နံနက်(၆)နာရီက အောင်မင်္ဂလာရပ်ကွက်ရှိ ရာမညနိကာယသုခကာရီမွန်ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျွန်းလှမြို့နယ်၌ ရေသန့်စက်တပ်ဆင်ခြင်းလုပ်ငန်း ကွင်းဆင်းစစ်ဆေး
Feb 14,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် ရွာသီကျေးရွာအုပ်စု၊ ဘိုကုန်းကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP)ဖြင့် ဆောင်ရွက်သော ရေသန့်စက်တပ်ဆင်ခြင်းကို ဖေဖော်ဝါရီ ၁၄ ရက်နေ့က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မန္တလေးပညာရေးဒီဂရီကောလိပ်တွင် အားကစားပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားသို့ တက်ရောက်
Feb 14,2025
မန္တလေးပညာရေးဒီဂရီကောလိပ်တွင် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အကြို အားကစားပြိုင်ပွဲများ ပိတ်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ချမ်းအေးသာစံမြို့နယ်ရှိ အဆိုပါ ဒီဂရီကောလိပ်တွင်ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ကျောင်းအုပ်ကြီးနှင့် အားကစားပြိုင်ပွဲကျင်းပရေး ကော်မတီအဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြသည်။
ပြည်ကြီးတံခွန်မြို့နယ်၊ နှင်းထက်အောင် ကိုယ်ပိုင်ကျောင်းတွင် စာဖတ်ခြင်းအကျိုးကျေးဇူး အသိပညာပေးဟောပြောပွဲနှင့် ကလေးအလုပ် သမားပပျောက်ရေး လက်ကမ်းစာစောင်များဖြန့်ဝေ
Feb 14,2025
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ နှင်းထက်အောင်ကိုယ်ပိုင်ကျောင်းတွင် စာဖတ်ခြင်းအကျိုးကျေးဇူးများအကြောင်း အသိ ပညာပေးဟောပြောပွဲနှင့် ကလေးအလုပ်သမားပပျောက်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီက အဆိုပါ ကိုယ်ပိုင်ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် မန္တလေးတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၅)သို့ တက်ရောက်
Feb 14,2025
မန္တလေးတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၅)ကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမတွင် ယမန်နေ့ မွန်းလွဲပိုင်းကကျင်းပရာ တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများမှတာဝန်ရှိသူများ တက်ရောက်ကြသည်။