မြိတ်မြို့တွင် ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်းအမှတ်စဉ် (၁/၂၀၂၅) သင်တန်းဆင်းပွဲကျင်းပ
Feb 14,2025
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် သဘာဝဘေးအန္တရာယ်များဖြစ်ပွားလာပါက ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို လူမှုကယ်ဆယ်ရေးအဖွဲ့များမှ မီးသတ်ဦးစီးဌာနနှင့်ပူးပေါင်း၍ အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်နိုင်ရန်အတွက် မြိတ်ခရိုင် မီးသတ်ဦးစီးဌာနတွင် ဖွင့်လှစ်လျက်ရှိသော ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်းအမှတ်စဉ် (၁/၂၀၂၅) သင်တန်းကို ယနေ့ နံနက်ပိုင်းက သင်တန်းဆင်းခဲ့သည်။