ဆိပ်ဖြူမြို့နယ်တွင် အခြေခံပညာကျောင်းများ မီးဘေးလုံခြုံရေးစစ်ဆေး

ဆိပ်ဖြူ ဖေဖော်ဝါရီ ၁၄

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် စာမေးပွဲဖြေဆိုမည့် အခြေခံပညာကျောင်းများ မီးဘေးအန္တရာယ်လုံခြုံမှုစစ်ဆေးခြင်းလုပ်ငန်းကို ယနေ့နံနက် ၉ နာရီက ဆိပ်ဖြူ(အ.ထ.က)ကျောင်း၌ ဆောင်ရွက်သည်။

အဆိုပါလုပ်ငန်းကို မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာကျောင်းအုပ်ကြီးများက ပူးပေါင်း၍ ကျောင်းပတ်ဝန်းကျင်းသန့်ရှင်းရေး၊ ကျောင်းအဆောက်အဦးများ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးပစ္စည်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကွင်းဆင်စစ်ဆေးဆောင်ရွက်ခဲ့ပြီး သက်ဆိုင်ရာကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိသူများအား ကျောင်းဝန်အတွင်းရှိ ရေတွင်းရေကန်များရေဖြည့်တင်းထားရှိရေး၊ မီးသတ်ဆေးဗူးနှင့် ကြိုတင်ကာကွယ်ရေးသုံးပစ္စည်းများ ပြည့်စုံစွာထားရှိရေးတို့ကိုအကြံပြု လမ်းညွှန်ပေးခဲ့ကြောင်း သိရသည်။

စိုးလင်းနိုင်(IPRD)