ပခုက္ကူမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့်စာစစ်ဌာနကျောင်းများ မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး

ပခုက္ကူ ဖေဖော်ဝါရီ ၁၄

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနကျောင်းများ မီးဘေးလုံခြုံရေးအတွက် ယနေ့ နံနက် ၁၀ နာရီအချိန်က ကွင်းဆင်းစစ်ဆေးကြသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပခုက္ကူခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းဇော်ဝင်း ဦးဆောင်၍ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်မျိုးအောင်နှင့်မီးသတ်တပ်ဖွဲ့ဝင်များ၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ပခုက္ကူမြို့၊အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ စာမေးပွဲကျင်းပစဉ်ကာလအတွင်း မီးလန့်မှု၊ မီးလောင်မှုမဖြစ်ပွားစေရေးအတွက် မီးဘေးလုံခြုံရေးဆောင်ရွက်ထားရှိမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးအကြံပြုဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)