သတင်းများ

သာပေါင်းမြို့နယ်မီးသတ်ဦးစီးဌာနမှ "ရေပြင်ရှာဖွေကယ်ဆယ်ရေးသရုပ်ပြပွဲ" ကျင်းပ
Jul 24,2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်မီးသတ်ဦးစီးဌာနမှ "ရေပြင်ရှာဖွေ ကယ်ဆယ်ရေးသရုပ်ပြပွဲ" ကို ဇူလိုင် (၂၂) နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြသည်။
အလုံမြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်‌ရှောက်မှုပေးခြင်းများ ကွင်းဆင်းဆောင်ရွက်
Jul 24,2026
ပင်စင်လစာ လာရောက်ထုတ်ယူသော အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးအသိပညာပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးခြင်းတို့ကို အလုံမြို့နယ်၊ လွတ်လပ်‌ရေးရပ်ကွက်၊ ကမ်းနားလမ်းရှိ မြန်မာ့စီးပွားရေးဘဏ် (ကြည့်မြင်တိုင်ဘဏ်ခွဲ) ၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ကလေးမြို့တွင် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား အသက် (၁၈) နှစ်အောက် ဘောလုံးပြိုင်ပွဲဝင် ကစားသမားများအား ဂုဏ်ပြုအခမ်းအနားကျင်းပ
Jul 24,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား အသက်(၁၈)နှစ်အောက်ဘောလုံးပြိုင်ပွဲတွင် ဒုတိယရရှိသော ကလေးခရိုင် ဘောလုံးအသင်းအား ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ကလေးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ဘိုကလေးမြို့နယ်၌ မိုးစပါးရာသီ Rice Export Zone (REZ) အစီအစဉ်တွင် ပါဝင်ဆောင်ရွက်သူများအား  စိုက်ပျိုးစရိတ်ချေးငွေများပေးအပ်
Jul 24,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြိုနယ် ရုပ်ဆိုင်ကျေးရွာအုပ်စု၊ ဇေယျာသိင်္ဂီဝင်း ဆန်စက်၌ ယမန်နေ့ နံနက် (၁၁)နာရီ အချိန်တွင် Rice Export Zoneဆောင်ရွက်သည့် Arise Co; Ltd မှ Export Zone (၅၃၇၂.၀၀) ဧကတွင် ပါဝင်ဆောင်ရွက်သည့် မိုးစပါးစိုက်တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေပေးအပ်ခြင်းနှင့် စာချုပ်ချုပ်ဆိုခြင်းအခမ်းအနားပြုလုပ်ခဲ့ရာ မြို့နယ်လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ Exporter ကုမ္ပဏီ တာဝန်ခံနှင့်ဝန်ထမ်းများ၊  Export Zone ဆောင်ရွက်သော မိုးစပါးစိုက်တောင်သူများတက်ရောက်ခဲ့ကြသည်။
ဟင်္သာတတက္ကသိုလ်တွင် ၂၀၂၅-၂၀၂၆၊ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် မူးယစ်ဆေးဝါးအန္တရာယ်နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ
Jul 24,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့ရှိ ဟင်္သာတတက္ကသိုလ်၊ ပင်မလေးထပ်‌ဆောင်ဘက်စုံသုံးခန်းမ၌ ၂၀၂၅-၂၀၂၆၊၂၀၂၆-၂၀၂၇ ပညာသင်နှစ် မူးယစ်ဆေးဝါးအန္တရာယ်နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ကြာအင်းဆိပ်ကြီးမြို့တွင်ကျောင်းသား၊ကျောင်းသူ များကိုနိုင်ငံသားစိစစ်ရေးကတ်နှင့် U ID ကတ်များနေ့ချင်းပြီး ဆောင်ရွက်ပေးလျက်ရှိ
Jul 24,2026
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့တွင်ကျောင်းသား ၊ကျောင်းသူများကို "လမင်းစီမံချက်"ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များနှင့် UID ကတ်များဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ထီးပေါ့ကလိုးရွာ အထက(ခွဲ)ကျောင်းကို မြို့နယ်လဝကဦးစီးမှူး ဦးမျိုးဝင်းကြိုင်နှင့် ဝန်ထမ်းများကနေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။
နောင်မွန်းမြို့နယ်၌ တစ်သျှူးဌက်ပျောပင် (ပထမ) အကြိမ်စိုက်ပျိုး
Jul 24,2026
‎ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်းမြို့နယ်၌ တစ်သျှူးဌက်ပျောပင် (ပထမ)အကြိမ် စိုက်ပျိုးခြင်းကို အမှတ် (၄) ရပ်ကွက်ရှိ အခြေပညာအထက်တန်းကျောင်း(နောင်မွန်း)တွင် ဇူလိုင်လ ၂၂ ရက်နေ့ မွန်းလွဲ ၃ နာရီချိန်က စိုက်ပျိုးခဲ့သည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဖလား တက္ကသိုလ်၊ဒီဂရီကောလိပ်၊သိပ္ပံပေါင်းစုံ အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲဆုချီးမြှင့်
Jul 24,2026
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဖလား တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သိပ္ပံပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့်ဆုချီးမြှင့်ပွဲကို ဇူလိုင် ၂၃ ရက် မွန်းလွဲ ၂ နာရီက ဘားအံမြို့ လှာကမြင်ကွက်သစ်ရှိ ဇွဲကပင်မိုးလုံလေလုံအားကစားရုံ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ တက်ရောက်အားပေးချီးမြှင့်ခဲ့ကြသည်။