ဟင်္သာတ ဇူလိုင် ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့ရှိ ဟင်္သာတတက္ကသိုလ်၊ ပင်မလေးထပ်ဆောင်ဘက်စုံသုံးခန်းမ၌ ၂၀၂၅-၂၀၂၆၊၂၀၂၆-၂၀၂၇ ပညာသင်နှစ် မူးယစ်ဆေးဝါးအန္တရာယ်နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဟင်္သာတတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာခိုင်ခိုင်စန်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ယဉ်ထိန်းတပ်ဖွဲ့စု(၈၄)(ဟင်္သာတ)မှ တပ်ဖွဲ့စုမှူးဒုရဲမှူး မြင့်ခိုင်က ယာဉ်စည်းကမ်း/ လမ်းစည်းကမ်းဆိုင်ရာများ အသိပညာပေးဟောပြောခြင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းကျော်ဋ္ဌေးက ယနေ့လူငယ်များနှင့် မူးယစ်ဆေးဝါးအန္တရာယ်များအကြောင်း၊ မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ မှုခင်းဖြစ်စဉ်သာဓကများကိုလည်းကောင်း အသိပညာပေးဟောပြောခဲ့ကြသည်။ ဟောပြောပွဲအပြီးတွင် ရဲမှူးသန်းကျော်ဋ္ဌေး ဦးဆောင်၍ ရဲတပ်ဖွဲ့ဝင်များမှ တက်ရောက်လာသော ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအား မှုခင်းအသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ ဟင်္သာတတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ ခိုင်ခိုင်စန်း၊ ဒုတိယပါမောက္ခချုပ်များဖြစ်ကြသည့် ဒေါက်တာမိုးမင်းစိုး၊ ဒေါက်တာချိုကြည်သန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းကျော်ဋ္ဌေး၊ ယဉ်ထိန်းတပ်ဖွဲ့စု(၈၄)(ဟင်္သာတ)မှ တပ်ဖွဲ့စုမှူး ဒုရဲမှူး မြင့်ခိုင်နှင့် ပါမောက္ခ/ ဌာနမှူးများ၊ နည်းပြများ၊ ကျောင်းသား/သူများ၊ စုစုပေါင်း (၃၇၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)