နောင်မွန်း ဇူလိုင် ၂၄
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်းမြို့နယ်၌ တစ်သျှူးဌက်ပျောပင် (ပထမ)အကြိမ် စိုက်ပျိုးခြင်းကို အမှတ် (၄) ရပ်ကွက်ရှိ အခြေပညာအထက်တန်းကျောင်း(နောင်မွန်း)တွင် ဇူလိုင်လ ၂၂ ရက်နေ့ မွန်းလွဲ ၃ နာရီချိန်က စိုက်ပျိုးခဲ့သည်။
ရှေးဦးစွာတစ်သျှူးဌက်ပျောပင် စိုက်ပျိုးရာ နောင်မွန်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးနမ်ရဲမင်ကကျောင်းနေအရွယ် မူလတန်း၊ အလယ်တန်းကျောင်းသား/သူများ ကိုယ်ခန္ဓာနှင့်ဉာဏ်ရည်ဖွံ့ဖြိုးမှုကို အထောက်အကူပြုစေရန်၊ အာဟာရချို့တဲ့မှုကြောင့် ဖြစ်ပွားတတ်သောရောဂါများ ကာကွယ်စေရန်၊ ကျန်းမာပျော်ရွှင်စွာဖြင့် ပညာသင်ကြားနိုင်မည့် ပတ်ဝန်းကျင်ကောင်းဖန်တီးရန်၊ ကျောင်းတက်နှုန်းကောင်းမွန်လာစေရန်၊ စာသင်ကြားရာတွင် အာရုံစူးစိုက်မှု ပိုမိုကောင်းမွန်လာစေရန်နှင့် ဗလငါးတန်နှင့်ပြည့်စုံသည့် အနာဂတ်မျိုးဆက်သစ် လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ စိုက်ပျိုးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ တစ်သျှူးဌက်ပျော (၁၅၀) ပင် စိုက်ပျိုးရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကောင်စီအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ အင်အား (၃၅၀) ဦးဖြင့် စိုက်ပျိုးခဲ့သည်။
ဖြူစင်