သာပေါင်းမြို့နယ်မီးသတ်ဦးစီးဌာနမှ "ရေပြင်ရှာဖွေကယ်ဆယ်ရေးသရုပ်ပြပွဲ" ကျင်းပ

သာပေါင်း ဇူလိုင် ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်မီးသတ်ဦးစီးဌာနမှ "ရေပြင်ရှာဖွေ ကယ်ဆယ်ရေးသရုပ်ပြပွဲ" ကို ဇူလိုင် (၂၂) နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကိုကိုဇင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်တို့က အဖွင့်အမှာစကားပြောကြားပြီး သဘာဝ ဘေးအန္တရာယ်ကျရောက်လာပါက အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်နိုင်စေရန်အတွက် ရေဘေးသရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် အသိပညာပေးဆောင်ရွက်ခြင်းကို စုဖွဲ့ထားသည့် မီးသတ်တပ်ဖွဲ့ဝင်များမှ ရေပြင်ရှာ‌ဖွေကယ်ဆယ်ရေးကို အစီအစဉ်အတိုင်း သရုပ်ပြဇတ်တိုက် လေ့ကျင့်ခဲ့ကြကြောင်း သိရသည်။

သိန်းမြင့်မျိုးဦး သာပေါင်း ပြန်/ဆက်