သတင်းများ

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေး ခန္တီးမြို့၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု လိုက်လံကြည့်ရှု
Jul 24,2026
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ခန္တီးခရိုင်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများသည် ဇူလိုင်လ ၂၃ ရက်၊ နံနက်ပိုင်းတွင် ခန္တီးမြို့နေပြည်သူများ သောက် သုံးရေဖူလုံပြည့်ဝစွာရရှိစေရန်အတွက် ခန္တီးမြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့မှ ဇီးဖြူကုန်းရပ် ကွက်ရှိ ချင်းတွင်းမြစ်မှ 590 watt Solar ၊ 60 Nos Array 2 စုံ၊ 15 Hp Pump (1)Set ဆိုလာရေတင်စနစ်ဖြင့် ဆောင်ရွက်နေသည့်လုပ်ငန်းသို့ ရောက်ရှိရာ မြို့နယ်စည်ပင်သာယာရေး အဖွဲ့မှ အမှုဆောင်ရာရှိမှ ဆိုလာရေတင်စနစ်ဖြင့် လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများ နှင့် မြို့နေပြည်သူများအား သောက်သုံးရေဖြန့်ဝေပေးနေမှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။
ဥတ္တရသီရိမြို့နယ်၌ ငလျင်ဘေးအန္တရာယ်နှင့် မီးဘေးလုံခြုံရေးဆိုင်ရာ ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်
Jul 24,2026
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် Nay Pyi Taw International School of Acumen (Main Campus)နှင့် KG ကျောင်းတို့တွင် ယမန်နေ့ နံနက်ပိုင်းတွင် ငလျင်ဘေးအန္တရာယ်နှင့်မီးဘေးလုံခြုံရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်း၊ ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်သည်။
မင်းတုန်းမြို့နယ်တွင် လက်ဆွဲကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးမှု ကွင်းပြပွဲ ကျင်းပ
Jul 24,2026
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်၊ မင်းရွာကိုင်းကျေးရွာအုပ်စု တောင်သူ ဦးမြင့်သိန်း ကွင်းအမှတ် (၃၂၇)၊ ဦးပိုင်အမှတ် (၂၄၅) ၏ လယ်မြေ ၁.၂၆ ဧကတွင် ယနေ့နံနက် ၈ နာရီက လက်ဆွဲကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း တောင်သူပညာပေး ကွင်းပြပွဲ ကျင်းပရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်​ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးလင်း၊ မြို့နယ်စိုက်ပျိုး ထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဝင်များ၊ တံတားအုပ်စု၊ မင်းရွာကိုင်းအုပ်စုနှင့် ဘူးတောင်းကျေးရွာအုပ်စုတို့မှ တောင်သူများ တက်​ရောက်ကြသည်။
ဟိုင်းကြီးကျွန်းမြို့၌ ၂၀၂၆-၂၀၂၇ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးထူးချွန်ချွန်အောင်မြင်ခဲ့ကြသော ဂုဏ်ထူးရကျောင်းသား/ ကျောင်းသူများနှင့် သင်ကြားပေးခဲ့သော ဆရာ/ ဆရာမများအား ဂုဏ်ပြုဆုချီးမြှင့်သည့် "အောင်မြင်သူများနေ့" အခမ်းအနား ကျင်းပ
Jul 24,2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ၂၀၂၆-၂၀၂၇ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ၌ ထူးထူးချွန်ချွန်အောင်မြင်ခဲ့ကြသော ဂုဏ်ထူးရကျောင်းသား/ကျောင်းသူများနှင့် သင်ကြားပေးခဲ့သော ဆရာ/ဆရာမများအား ဂုဏ်ပြုဆုချီးမြှင့်သည့် "အောင်မြင်သူများနေ့" အခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က အ.ထ.က ဟိုင်းကြီး၊ အခြေခံပညာအထက်တန်းကျောင်း၊ မြကျွန်းသာဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဓနုဖြူမြို့နယ်၌ သဘာဝရေပြင်များအတွင်း ငါးမျိုးစိုက်ထည့်
Jul 24,2026
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ အင်းအိုင်များအတွင်း ငါးသယံဇာတများ ရေရှည်တည်တံ့စေရေး၊ ငါးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဒေသအတွင်း ကျေးလက်နေပြည်သူများ ငါးရိက္ခာများ ပိုမိုစားသုံးနိုင်ရေးရည်ရွယ်၍ ငါးမျိုး စိုက်ထည့်ခြင်းအခမ်းအနားကို ဇူလိုင်လ ၂၄ ရက်နေ့နံနက် ၉ နာရီအချိန်က အကျော်ကျေးရွာရှိ အကျော်ချောင်းသဘာဝရေပြင်၌ ကျင်းပသည်။
စစ်ကိုင်းမြို့ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းတွင်း အာဟာရကျွေးမွေး
Jul 24,2026
စစ်ကိုင်းခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက စစ်ကိုင်းမြို့၊ အ.လ.က(ခွဲ)လေ့ကျင့်ရေး၊ အ.လ.က(ခွဲ)ထူပါရုံ၊ အ.ထ.က(ခွဲ)ရန်နိုင်ကျောင်းများတွင် ကျောင်းတွင်း အာဟာရကျွေးမွေးခြင်းများ ဆောင်ရွက်ခဲ့သည်။
ရွှေသောင်ယံမြို့ အ.မ.က (၁၁၂) ခရင်ချောင်းကျောင်းတွင် KG ကျောင်းသား၊ ကျောင်းသူများအား အာဟာရကျွေးမွေး
Jul 24,2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိူင်၊ ရွှေသောင်ယံမြို့၊ အ.မ.က (၁၁၂) ခရင်ချောင်းကျောင်းတွင် ယနေ့နေ့လယ် (၁၂) နာရီအချိန်က ပညာရေးဌာနနှင့် ကျန်းမာရေးဌာနတို့ပူးပေါင်း၍ KG တန်းမှ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာသန်စွမ်းစွာ ကြီးထွားဖွံ့ဖြိုးနိုင်ရေးနှင့် အာဟာရပြည့်ဝသော စားသောက်မှုအလေ့အကျင့်ကောင်းများ ရရှိစေရေးအတွက် အာဟာရ ကျွေးမွေးခြင်း အစီအစဉ်ကို ကျင်းပပြုလုပ်ခဲ့သည်။
နမ့်စန်မြို့နယ် အမှတ်(၄)ကျေးရွာတွင် ရက်(၁၀၀)စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန်များ ပြည်သူများလက်ဝယ်အရောက် ပေးအပ်
Jul 24,2026
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်ခရိုင် နမ့်စန်မြို့နယ်တွင် ဒေသခံတိုင်းရင်းသားပြည်သူများ၏ မြေပိုင်ဆိုင်မှုအခွင့်အရေးခိုင်မာစေရန်နှင့် စိုက်ပျိုးနေထိုင်မှုဘဝလုံခြုံစိတ်ချရစေရန်အတွက် ရက်(၁၀၀)စီမံချက်ဖြင့်ဆောင်ရွက်သော ကျေးရွာမြေငှားဂရန်ပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီက အမှတ်(၅)ကျေးရွာအုပ်စု၊ အမှတ်(၄)ကျေးရွာ အာသောကရာမကျောင်းတိုက်ဓမ္မာရုံတွင် ဆောင်ရွက်ခဲ့သည်။