သတင်းများ

"ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ" နှင့် ပတ်သက်ပြီး မီဒီယာများအား အသိပညာပေးဟောပြောပွဲကျင်းပ
Dec 24,2025
"ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ" နှင့် ပတ်သက်ပြီး မီဒီယာများအား အသိပညာပေးဟောပြောပွဲကို ဒီဇင်ဘာလ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်၊ ကုန်သည်လမ်းရှိ သတင်းမီဒီယာကောင်စီရုံး၌ ကျင်းပသည်။
ရေးမြို့ မြသီတာဈေးကြီး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်းများဆောင်ရွက်
Dec 24,2025
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ပွင့်လင်းရာသီကာလ၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန် အတွက်တာဝန်ရှိသူများသည် ယမန်နေ့က မြသီတာဈေးကြီး၌ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ရေးမြို့ မြသီတာဈေးကြီး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်းများဆောင်ရွက်
Dec 24,2025
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ပွင့်လင်းရာသီကာလ၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန် အတွက်တာဝန်ရှိသူများသည် ယမန်နေ့က မြသီတာဈေးကြီး၌ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
သာယာဝတီမြို့နယ်တွင် မဲရုံများ မီးဘေးလုံခြုံရေး ကွင်းဆင်းဆောင်ရွက်
Dec 24,2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် မဲရုံများ မီးဘေးလုံခြုံရေး ယနေ့နံနက် ၉ နာရီက ကွင်းဆင်းဆောင်ရွက်ကြသည်။
ကော့‌‌သောင်းမြို့တွင် မဲရုံမှူး၊ဒုရဲမှူး၊(အရန်မဲရုံမှူး)နှင့် မဲရုံအဖွဲ့ဝင်တာဝန် အသီးသီး ထမ်းဆောင်မည့်သူများအား လုပ်ငန်းညှိနှိုင်းဆွေးနွေး
Dec 24,2025
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေ‌ထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက်  ကော့သောင်းမြို့နယ်ရပ်ကွက်၊ ကျေးရွာအုပ်စုအသီးသီးရှိ မဲရုံများတွင် တာဝန် ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုမဲရုံမှူး၊ အရန်မဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအား လုပ်ငန်းညှိနှိုင်း‌ဆွေးနွေးခြင်းကို ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဟံသာဝတီအစည်းအဝေးခန်းမတွင် ဆောင်ရွက်သည်။
ချမ်းအေးသာစံမြို့နယ် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်
Dec 24,2025
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များ အဆင်ပြေချောမွေ့စေရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ချမ်းအေးသာစံမြို့နယ် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ယနေ့မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည်။
မင်းဘူးမြို့၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ
Dec 24,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် မင်းဘူးမြို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးအစည်းအဝေးဦးစီးဌာန ခန်းမ၌ ကျင်းပခဲ့သည်။
စလင်းမြို့နယ်တွင် ​​ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်ပြသ
Dec 24,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ မဲဆန္ဒရှင်ပြည်သူများ ပိုမိုသိရှိနိုင်ရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စလင်းမြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာန၊ ရုံးရှေ့တွင် ယနေ့နံနက် ၉ နာရီမှ စတင်၍ ပြသထားကြောင်း သိရသည်။