သတင်းများ

ဒေါပုံမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် ကျောင်းကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Jul 24,2026
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာရေးနှင့် ညီညွတ်ပြီး ကျန်းမာရေးဗဟုသုတများ ပြည့်စုံကြွယ်ဝစေရန် ရည်ရွယ်၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ယနေ့နံနက် ၁၀ နာရီအချိန်က အ.လ.က (၃) ကျောင်းတွင် အသိပညာပေးဟောပြောခြင်းနှင့် ကျောင်းကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jul 24,2026
တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေးအောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီက စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ရုံး သဘင်ဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ဘားအံစက်မှုဇုန်၌ မိုးရာသီ(တတိယအကြိမ်)သစ်ပင်စိုက်၊ ရေဘုတ်ရေလှောင်တမံအတွင်း ငါးမျိုး စိုက်ထည့်
Jul 24,2026
ကရင်ပြည်နယ်အတွင်း သစ်တောများပြုစုထိန်းသိမ်းခြင်းနှင့် သစ်ပင်များစိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးကို အများပြည်သူကျယ်ကျယ်ပြန့်ပြန့်သိရှိနားလည်ပြီး ပူးပေါင်းပါဝင်ဆောင်ရွက်လာစေရန် ဇူလိုင်လ ၂၄ ရက်နေ့နံနက်ပိုင်းက ဘားအံ-လှိုင်းဘွဲကားလမ်းမကြီးဘေးရှိ ဘားအံစက်မှုဇုန်ကြီးကြပ်မှုကော်မတီရုံး ပရဝုဏ်၌ မိုးရာသီ(တတိယအကြိမ်) သစ်ပင်စိုက်ပွဲကို ကျင်းပသည်။
အင်းစိန်မြို့နယ်၌ ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးစေရေးအစီအစဥ်ဖြင့် KG ကျောင်းသား/ သူများအား ကျောင်းတွင်းအာဟာရကျွေးမွေး
Jul 24,2026
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ School Meal Program အနေဖြင့် နိုင်ငံတော်အထောက်အပံ့ဖြင့် ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေး အစီအစဉ်ဖြင့် ဇူလိုင်လ ၂၄ ရက်နေ့တွင် အ.ထ.က (၆) ကျောင်းတွင် KG ကလေးငယ်များအား ကျောင်းတွင်းအာဟာရကျွေးမွေးခဲ့ကြသည်။
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် မအူပင်မြို့ရှိ Land Marks ဖွင့်ပွဲသို့ တက်ရောက်ဖွင့်လှစ်
Jul 24,2026
၂၀၂၆-၂၀၂၇ ခုဘဏ္ဍာရေးနှစ်အတွင်း တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပထမရက် (၁၀၀) စီမံချက်ကာလအတွင်း မအူပင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် မြို့မိမြို့ဖများ၊ မြို့နေပြည်သူများ ပူးပေါင်းဆောင်ရွက်သော​ “သာယာစိုပြေမအူပင်မြေ”၊ “We Love Maubin”၊ “စိတ်ထားဖြူစင် မအူပင်” Land Marks ဖွင့်ပွဲအခမ်းအနားသို့ ယမန်နေ့မွန်းလွဲ ၂ နာရီခန့်က ဧရာဝတီ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် တက်ရောက်ဖွင့်လှစ်ခဲ့သည်။
ကျောက်ဆည်မြို့နယ် လက်ပန်ပင် အခြေခံပညာမူလတန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေး ဟောပြောပွဲနှင့် နံရံကပ် စာစောင်ပြပွဲကျင်းပ
Jul 24,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ပူးပေါင်းပြီး ကျောင်း သား၊ ကျောင်းသူများ အသိပညာဗဟုသုတများရရှိပြီး စာဖတ်ရှိန်မြှင့်တင်ရေး ကျောက်ဆည်မြို့နယ် လက်ပန်ပင်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် ယနေ့နံနက်ပိုင်းက အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မုံရွာမြို့၌ "လူကုန်ကူးမှုအသိပညာပေးဟောပြောပွဲနှင့် ကလေးသူငယ်အသိပညာပေးဟောပြောပွဲ” ကျင်းပ
Jul 24,2026
အမှတ် (၁၄) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု (မုံရွာ) မှ ဦးဆောင်ပြီး အခြေခံပညာကျောင်းများနှင့် ပူးပေါင်း၍ "လူကုန်ကူးမှုအသိပညာပေးဟောပြောပွဲနှင့် ကလေးသူငယ်အသိပညာပေးဟောပြောပွဲ” ကို ဇူလိုင်လ ၂၃ ရက်နေ့ နံနက် ၁၀ နာရီက မုံရွာမြို့၊ အခြေခံပညာမူလွန်သလ္လာကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ချောင်းသာမြို့အ‌ခြေခံပညာမူလတန်းကျောင်းတွင် KG ကျောင်းသား၊ ကျောင်းသူများအား အာဟာရကျွေးမွေး
Jul 24,2026
၂၀၂၆–၂၀၂၇ ပညာသင်နှစ်အတွက် KG ကျောင်းသား၊ ကျောင်းသူများ ကျန်းမာသန်စွမ်းစွာ ကြီးထွားဖွံ့ဖြိုးစေရေးနှင့် သင်ယူမှုအရည်အသွေး မြင့်မားစေရန်ရည်ရွယ်၍ အာဟာရကျွေးမွေးခြင်းအစီအစဉ်ကို ယနေ့နံနက်ပိုင်းက ချောင်းသာမြို့ အခြေခံပညာမူလတန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။