ကြာအင်းဆိပ်ကြီး ဇူလိုင် ၂၄
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့တွင်ကျောင်းသား ၊ကျောင်းသူများကို "လမင်းစီမံချက်" ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များနှင့် UID ကတ်များ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ထီးပေါ့ကလိုးရွာ အထက(ခွဲ)ကျောင်းကို မြို့နယ်လဝကဦးစီးမှူး ဦးမျိုးဝင်းကြိုင်နှင့် ဝန်ထမ်းများကနေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ပေးနေမှုအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းခိုင်ဝင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထိန်လင်းနှင့်အဖွဲ့ဝင်များက ကြည့်ရှုအားပေးပြီး နိုင်ငံသားစိစစ်ရေးကတ်များနှင့် UID ကတ်ပြားများလက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)