အလုံမြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်‌ရှောက်မှုပေးခြင်းများ ကွင်းဆင်းဆောင်ရွက်

အလုံ ဇူလိုင် ၂၄

ပင်စင်လစာ လာရောက်ထုတ်ယူသော အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးအသိပညာပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးခြင်းတို့ကို အလုံမြို့နယ်၊ လွတ်လပ်‌ရေးရပ်ကွက်၊ ကမ်းနားလမ်းရှိ မြန်မာ့စီးပွားရေးဘဏ် (ကြည့်မြင်တိုင်ဘဏ်ခွဲ) ၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသဇင်ခိုင်က "မကူးစက်နိုင်သောရောဂါများ ရှာဖွေစစ်ဆေးခြင်းနှင့် ကုသမှုပေးခြင်း" ကျန်းမာရေးအသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းနှင့် ဘဏ်ဝန်ထမ်း (၁၇၀) ဦးအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် (၃၃၀) ဦးအား Pfizer Comirnaty LP.8.1 ထိုးနှံပေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

အဆိုပါ ကွင်းဆင်းဆေးကုသခြင်းလုပ်ငန်းများအား ယနေ့အထိ သုံးရက်တိုင်တိုင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရွှေလုံသား (ပြန်/ဆက်)