ကလေး ဇူလိုင် ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား အသက်(၁၈)နှစ်အောက်ဘောလုံးပြိုင်ပွဲတွင် ဒုတိယရရှိသော ကလေးခရိုင် ဘောလုံးအသင်းအား ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ကလေးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ကလေးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးထက်က အမှာစကားပြောကြားခဲ့ပြီး ကလေးခရိုင်ကိုယ်စားပြု၍ သွားရောက်ယှဉ်ပြိုင်မှု အခြေနေများကို ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးမှ ရှင်းလင်းတင်ပြသည်။
ထို့နောက် ကလေးခရိုင်ကိုယ်စားပြု၍ သွားရောက်ယှဉ်ပြိုင်ပြီး ဒုတိယဆုရရှိခဲ့ကြသည့် ကစားသမားများနှင့် အသင်းအုပ်ချုပ်သူနည်းပြများကို ကလေးခရိုင်/မြို့ နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိမြို့ဖများက ဂုဏ်ပြုလက်ဆောင်ပစ္စည်းများနှင့် ချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)