သတင်းများ

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ဌာနဆိုင်ရာများ၊ စေတနာအလှူရှင်များ၏ (၃၈)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ
Nov 04,2025
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ဌာနဆိုင်ရာများ၊ စေတနာအလှူရှင်များ၏ (၃၈)ကြိမ်မြောက် စုပေါင်းမဟာ ဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို နိုဝင်ဘာ ၃ ရက်၊ ယနေ့နံနက် ၉ နာရီက မကွေးတိုင်းဒေသကြီး၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းတိုက်၌ ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင်နှင့်ဇနီး၊ မကွေးတပ်နယ်မှ တပ်မတော်အကြီးအကဲများ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ စေတနာအလှူရှင်များ တက်ရောက်ခဲ့ကြသည်။
နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် တရုတ်လှအခြေခံပညာ အထက်တန်းကျောင်းရှိ RC တစ်ထပ်ကျောင်း ဆောင်သစ်ဖွင့်လှစ်
Nov 04,2025
နိုဝင်ဘာလ ၇ ရက်နေ့တွင်ကျရောက်မည့် နှစ်(၇၀)ပြည့်ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ဘားအံမြို့နယ်၊ တရုတ်လှကျေးရွာ ၊ အခြေခံပညာအထက်တန်းကျောင်းရှိ (၉၀ ပေ x ၃၀ပေ) RC တစ်ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲကို နိုဝင်ဘာလ ၃ ရက်နေ့ နံနက်ပိုင်းက အဆိုကျောင်း ဆောင်သစ်ရှေ့၌ ကျင်းပသည်။
သဲကုန်းမြို့နယ်တွင် တန်ဆောင်မုန်းလပြည့်  (သာမညဖလအခါတော်နေ့)၌  ဥပုသ်သီလဆောက်တည်သူများ၊ ဘုရားစေတီပုထိုးများတွင် ကုသိုလ်ကောင်းမှုပြုသူများနှင့် စတုဒီသာ ကျွေးမွေးသူများဖြင့်စည်ကား
Nov 04,2025
ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏ အထွဋ်အမြတ်ထားရာနေ့ထူးနေ့မြတ်ဖြစ်သည့် မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါတော်နေ့)တွင် ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၊ စေတီပုထိုးများ၌ ဥပုသ်သီလဆောက်တည်သူများ၊ ကုသိုလ်ကောင်းမှုပြုသူများနှင့် စတုဒီသာကျွေးမွေးသူများဖြင့် စည်ကားလျက်ရှိသည်။
သာကေတမြို့နယ် စာရေးဆရာအသင်း ဝိသာခါဝတ်အဖွဲ့ အဖိတ်နေ့ ဝတ်ရွတ်ဖတ်သရဇ္စျာယ်
Nov 04,2025
သာကေတမြို့နယ် စာရေးဆရာအသင်းမှ ကြီးမှူး၍ သာကေတမြို့နယ် စာရေးဆရာအသင်း ဝိသာခါဝတ်အဖွဲ့တန်ဆောင်တိုင် အဖိတ်နေ့ ဝတ်ရွတ်ဖတ်သရဇ္စျာယ်ခြင်းကို တန်ဆောင်မုန်း လဆန်း ၁၄ ရက် ယမန်နေ့ နံနက် ၁၀ နာရီခွဲက သာကေတမြို့နယ် ဇိနမာရ်အောင်စေတီတော် ပရိဝုဏ်ရှိ ဇိနရန်အောင်တန်ဆောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူး ကျင်းပသည့် တန်ဆောင်တိုင်ပွဲတော်ဖွင့်ပွဲ အခမ်းအနားတက်ရောက်
Nov 04,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အရှေ့ဘက်ကန်သာယာကန်ရှိ ပြည်ထောင်စုရင်ပြင်၌ ကျင်းပပြုလုပ်သည့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကျင်းပပြုလုပ်သည့် တန်ဆောင်တိုင်ပွဲတော်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေပိုင်းတွင် အဆိုပါမုခ်ဦးရှေ့တွင် ကျင်းပပြုလုပ်ရာ ဖွင့်ပွဲအခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တပ်မတော်အရာရှိကြီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်/ဒီဂရီကောလိပ်များမှ ကျောင်းသား/ကျောင်းသူများ၊ မြို့မိ မြို့ဖများနှင့် ရပ်ကွက်နေ ပြည်သူများ တက်ရောက်ကြသည်။
တောင်ကြီးတန်ဆောင်တိုင်ပွဲတော် နေ့လွှတ်အရုပ်မီးပုံးပျံ ပြိုင်ပွဲ (၈)ရက်မြောက်နေ့ ဆက်လက်ယှဉ်ပြိုင်
Nov 04,2025
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော် နေ့လွှတ်အရုပ်မီးပုံးပျံပြိုင်ပွဲအား အောက်တိုဘာ ၂၇ ရက်နေ့မှစတင်ကျင်းပလျက်ရှိရာ၊အဆိုပါ ပြိုင်ပွဲ(၈)ရက်နေ့မြောက်နေ့အဖြစ် အဝေရာကုန်းသာယာ၌ နိုဝင်ဘာ ၃ ရက်နေ့က ဆက်လက်ယှဉ်ပြိုင်လျက်ရှိကြကြောင်း သိရသည်။
သန်လျင်မြို့နယ် ဆံတော်ရှင်ကျိုက်ခေါက်စေတီတော်မြတ်ကြီး၌ (၄၀)ကြိမ်မြောက် မသိုးသင်္ကန်းရက်လုပ်ယှဉ်ပြိုင်ပွဲအခမ်းအနား ကျင်းပ
Nov 04,2025
သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် ဆံတော်ရှင်ကျိုက်ခေါက်စေတီတော်မြတ်ကြီး၌ (၄၀)ကြိမ်မြောက် မသိုးသင်္ကန်းရက်လုပ်ယှဉ်ပြိုင်ပွဲအခမ်းအနားကိုယမန်နေ့ ညနေ ( ၄)နာရီခွဲ အချိန်က ကျင်းပခဲ့သည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ကျင်းပသော စုပေါင်းမဟာဘုံကထိန် ဆက်ကပ်လှူဒါန်းပွဲ အလှူတော်မင်္ဂလာ အခမ်းအနားကျင်းပ
Nov 04,2025
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ ဌာနဆိုင်ရာများ စုပေါင်းမဟာဘုံကထိန်အလှူတော် မင်္ဂလာပွဲကို ယနေ့နေ့လယ်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ကျင်းပရာ သံဃာတော်အရှင် သူမြတ်များ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်ဆွေဆွေမြတ်၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ဗိုလ်ချုပ် ကျော်စွာဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ စစ်တွေတပ်နယ်မှ တပ်မတော်အဆင့်မြင့် အရာရှိကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။