လဟယ် ဇွန် ၁
စစ်ကိုင်းတိုင်းဒေသကြီးနာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်အတွင်း ၂၀၂၁ -၂၀၂၂ ပညာသင်နှစ် အခြေခံမူလတန်း ကျောင်းများ၊အလယ်တန်းကျောင်းများ၊အထက်တန်းကျောင်းများကို ယနေ့မှစတင်၍ ဖွင့်လျက်ရှိကြောင်းသိရသည်။
ထိုသို့ကျောင်းများစတင်ဖွင့်လှစ်လျက်ရှိရာ လဟယ်မြို့ အထက်တန်းကျောင်းတွင် ကျောင်းသား/သူများ ကျောင်းတက်ရောက်နေမှု ကို နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်း၀င်း၊ အတွင်းရေးမှူးဦးနေမင်းသူနှင့် အဖွဲ့၀င်များ၊လဟယ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇာနည်၀င်းနှင့်အဖွဲ့၀င်များသွားရောက်ကြည့်ရှု့ ပြီးလိုအပ်သည်များ မှာကြား ခဲ့ကြောင်းသိရသည်။
လဟယ်မြို့နယ်အတွင်း ကျေးရွာပေါင်း(၉၇)ရွာရှိပြီး ထက်၊လယ်၊မူကျောင်းပေါင်း (၁၀၄)ကျောင်း၊ ဘုန်းတော်ကြီး သင်ပညာရေး ကျောင်း(၁)ကျောင်းစုစုပေါင်း(၁၀၅)ကျောင်းရှိရာ ယမန်နေ့အထိ ကျောင်း အပ်နှံမှုရာခိုင်နှုန်းမှာမူလတန်းအဆင့်(၄၉.၀၉) ရာခိုင်နှုန်း၊အလယ်တန်းအဆင့်(၆၆.၃)ရာနှုန်း၊ အထက် တန်းအဆင့်(၅၄.၈၄)ရာနှုန်းဖြစ်ကြောင်းနှင့် တစ်မြို့နယ်လုံး အနေဖြင့်(၅၂.၅၄)ရာခိုင်နှုန်း ကျောင်း အပ်နှံပြီး ဖြစ်ကြောင်း လဟယ်မြို့နယ် မြို့နယ်ပညာရေးမှူးဒေါ် ခင်ခင်ဌေးထံမှသိရသည်။
ရှားဆက်(လဟယ်)