ရှုထောင့်အထွေထွေ ကျန်းမာရေးဆိုင်ရာ အမေးအဖြေ စာအုပ်အား စာဖတ်ဝိုင်းကျင်းပ

ရမည်းသင်း ဇွန်

ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမ၌ ယမန်နေ့ မွန်းလွဲပိုင်းတွင် စာရေးဆရာ ဒေါက်တာမြင့်သန်းထွန်း၏ ရှုထောင့်အထွေထွေ ကျန်းမာရေးဆိုင်ရာ အမေးအဖြေ စာအုပ်အားစာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းဆွေး​နွေးပွဲတွင်  ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်သိမ့်သိမ့်မျိုးမှ စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် ဒုတိယဦးစီးမှူး ဒေါ်ခိုင်ဇင်က မိုးရာသီမှာအဖြစ်များတဲ့ တုပ်ကွေးရောဂါအကြောင်းကို လည်းကောင်း၊ ‌ပျော်ဘွယ်မြို့နယ် ဦးစီးမှူး ဦးဖုန်းနိုင်က သွေးလွန်တုပ်ကွေးရောဂါ အကြောင်းကို လည်းကောင်း၊ ဒေါ်မေစောမွန် ရုပ်သံကျွမ်းကျင်-၃ က ဝမ်းပျက်၊ ဝမ်းလျှောရောဂါအကြောင်းကို လည်းကောင်း၊ ရုံးဝန်ထမ်းများက ဒေါက်တာ မြင့်သန်းထွန်း၏ ရှုထောင့်အထွေထွေ ကျန်းမာရေးဆိုင်ရာ အမေးအဖြေ စာအုပ်အားဖတ်ရှု့ကာ ဆွေးနွေခဲ့ကြသည်။

ခရိုင် ပြန်/ဆက် (ရမည်းသင်း)