မိုးမိတ်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်
Jun 01,2021
၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ ကျောင်းအပ်နှံရေးသီတင်းပတ်ကို မေလ ၂၄ ရက်မှ ၃၁ ရက်နေ့အထိ သတ်မှတ်ထားရှိခဲ့ပြီး ဇွန်လ ၁ ရက်နေ့တွင် ကျောင်းများစတင်ဖွင့်လှစ်ရာ ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ကျောင်းသူများသည် ယနေ့ နံနက် ၈ နာရီမှစတင်၍ မိမိတို့ အပ်နှံထားသော ကျောင်းများသို့ တက်ရောက် ပညာသင်ကြားနေကြကြောင်းသိရသည်။