မန့်ဟီးရိုး ဇွန် ၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့ရှိ အခြေခံပညာကျောင်းများကို ကိုဗစ် -၁၉ ရောဂါကြောင့် ယာယီပိတ်ထားခဲ့ရာမှ ယနေ့နံနက်(၈) နာရီအချိန်တွင် အခြေခံပညာအထက် တန်းကျောင်းကို စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွင်း ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာပညာသင်ယူနိုင်ရေး၊ သင်ကြားပို့ချနိုင်ရေးတို့အတွက် မြို့အုပ်ချုပ်ရေးမှူး ဦးစိုင်းမြတ်အောင်၏ ကြီးကြပ်မှုဖြင့် စစ် ဘက်ဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကျောင်းသားမိဘကော်မတီဝင်များပါဝင်သော အဖွဲ့များက ကျောင်းဝင်းအတွင်းနှင့် အပြင်လုံ ခြုံရေးများ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အလားတူပင် မန့်ဟီးရိုးမြို့အတွင်းရှိ အခြေခံပညာမူလတန်းကျောင်းများကိုလည်း တစ်ချိန်တည်း ဖွင့်လှစ်ခဲ့ ကြောင်းနှင့် ကျောင်းများဖွင့်လှစ်ရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း၊ ကျောင်းစာသင်ခန်းအတွင်း၌လည်း တစ်ဦးနှင့် တစ်ဦး သတ်မှတ်အကွာအဝေးဖြင့် ထိုင်စေခြင်း၊ ကျောင်းသားဦးရေအလိုက် မနက်ပိုင်းနှင့် ညနေပိုင်းအချိန် ခွဲခြား၍ သတ်မှတ်ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်အေးတင့်ထံမှ သိရသည်။
စန္ဒာ(ပြန်/ဆက်)