အုတ်ဖို ဇွန် ၁
ပဲခူတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် အခြေခံပညာကျောင်းများနှင့် ဘုန်းတော်ကြီး သင်ပညာရေးကျောင်းများကို ယနေ့မှ စ၍ စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အုတ်ဖိုမြို့နယ်တွင် အခြေခံပညာကျောင်း(၁၇၈)ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ စာရင်းရှိ (၂၀၁၃၈)ဦးအနက် မေလ ၃၁ ရက်နေ့အထိ အပ်နှံပြီးသူ(၈၀၅၂)ဦး၊ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်း(၈)ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူစာရင်းရှိ (၁၁၉၆) ဦးအနက် မေလ ၃၁ ရက်နေ့အထိ အပ်နှံပြီးသူ(၃၉၁)ဦးရှိကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများအား ဆက်လက်၍ ကျောင်းအပ် လက်ခံပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူး ဦးကိုကိုမောင်ထံမှ သိရသည်။
အောင်သူ(အုတ်ဖို)