မိုးညို ဇွန် ၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံ ပညာကျောင်းများ၌ ကျောင်းသား/ကျောင်းသူများကို မေလ ၂၄ ရက်မှ စတင်၍ ကျောင်းများ စတင် အပ်နှံခြင်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။
မိုးညိုမြို့နယ်တွင် ယနေ့ နံနက်ပိုင်းမှစ၍ မြို့နယ်အတွင်းရှိ စာသင်ကျောင်းများသို့ ကျောင်းသား၊ ကျောင်းသူများ စတင်တက်ရောက်လျက်ရှိရာ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် ရပ်မိရပ်ဖ များ၊ ကျောင်းသားမိဘများ၊ ဆရာ/ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ ပူးပေါင်းဆောင်ရွက် ပေးလျက်ရှိသည်။
မိုးညိုမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း(၁၆၆)ကျောင်းတွင် ယမန်နေ့အထိ အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူ(၇၄၃)ဦး၊ အလယ်တန်းဆင့် (၂၁၅၉)ဦး၊ မူလတန်းဆင့် (၄၄၈၀)၊ ပေါင်း (၇၃၈၂) ဦးတို့ အပ်နှံတက်ရောက် ပညာသင်ကြားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကိုမင်း(မိုးညို)