မြောင်းမြမြို့၌ အုတ်ဖုတ်ရာမှ အပူရှိန်လွန်ကဲ၍ မီးလောင်မှု ဖြစ်ပွား

မြောင်းမြ  ဇွန်   ၁

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ဘုရားငုတ္ တိရှမ်းစုကျေးရွာအုပ်စု၊ မြေတံတားကျေးရွာတွင် ယမန်နေ့ ည( ၁၀)နာရီခွဲ အချိန်ကအုတ်ဖုတ်ရာမှ အပူရှိန်လွန်ကဲ၍ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာဒေါ်ခင်မာစန်း(ဘ)ဦးညွှန့်ရွှေပိုင်ဆိုင်သော အလျား (၆၀)ပေ၊ အနံ(၄၀)ပေရှိ ဓနိမိုးဝါတိုင် မြေစိုက်အုတ်ဖုတ် အလုပ်ရုံ(၁)ရုံ အုတ်ဖုတ်ရာမှအပူရှိန်လွန်ကဲ၍ အပေါ်ရှိအမိုးအားစတင် လောင်ကျွမ်းခဲ့ကြောင်း၊  မီးလောင်မှုနှင့်ပတ်သက်၍ လုပ်ငန်းပိုင်ရှင်အား မြောင်းမြမြို့မြို့မရဲစခန်းက အမှုဖွင့်အရေးယူ ဆောင်ရွက် ထားကြောင်း နှင့် မီးလောင်မှုကြောင့်လူထိခိုက်မှုမရှိကြောင်းသိရသည်။

ကေခိုင်စိုး