သတင်းများ

လင်းခေး၌ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်
Jun 01,2021
ရှမ်းပြည်နယ်တောင်ပိုင်း လင်းခေးခရိုင် လင်းခေးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများကို ယနေ့ဇွန်၁ ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
လေးမျက်နှာမြို့နယ်တွင် ဒေါက်တာကျော်စိန် ရေးသားသည့် ဘဝတွင်အောင်မြင်ပျော်ရွှင်သူတို့၏ လျှို့ဝှက်ချက် ၁၀၀ စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ
Jun 01,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ Community Centre ခန်းမတွင် ယနေ့နံနက် ၉ နာရီခွဲအချိန်၌ လူငယ်များ စာဖတ်သည့် အလေ့အထကောင်းများ ရရှိလာစေရန်၊ စာဖတ်ခြင်းဖြင့် ရရှိလာမည့် အကျိူးကျေးဇူးများကို သိရှိစေလိုသော ရည်ရွယ်ချက်ဖြင့် စာရေးဆရာ ဒေါက်တာကျော်စိန် ရေးသားသည့် ဘဝတွင် အောင်မြင်ပျော်ရွှင်သူတို့၏ လျှို့ဝှက်ချက် ၁၀၀ စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
မိုင်းဖြတ်မြို့နယ်လုံးဆိုင်ရာ အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူ​ဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲ ကျင်းပ
Jun 01,2021
ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာ အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူ​ဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲအခမ်းအနားကို ​ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်ခန့်က ​ ​ထေရဝါဒ ဗုဒ္ဓသာသနာပြု(ဗဟို)​ကျောင်း ရှိ မင်္ဂလာသီရီ​ကျောင်း​ဆောင်၌ ကျင်းပပြုလုပ်သည်။
ဇီးကုန်းမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်၍ အေးချမ်းစွာ ပညာသင်ကြားလျက်ရှိ
Jun 01,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာ ကျောင်း(၁၀၄)ကျောင်းတို့၌ ကျောင်းများ ဖွင့်လှစ်၍ ကျောင်းသူ/ ကျောင်းသားများ အေးချမ်းစွာ ပညာသင်ကြားလျက်ရှိ ကြောင်း သိရသည်။
တာချီလိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းသားသမီးများအား ပညာသင် စရိတ်နှင့် ကျောင်းသုံးစာရေးကိရိယာများ ထောက်ပံ့ပေး
Jun 01,2021
၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်ခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းသားသမီးများအား ပညာသင်စရိတ်နှင့် ကျောင်းသုံးစာရေး ကိရိယာ ထောက်ပံ့ပေးခြင်းကို ယမန်နေ့ နေ့လည် ၂ နာရီအချိန်က ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ရုံးခန်းမ၌ ပြုလုပ်ခဲ့သည်။
မိတ္ထီလာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလားအသက် ၂၅နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ
Jun 01,2021
မိတ္ထီလာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလာအသက်၂၅ နှစ်အောက်အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကို ယမန်နေ့ညနေ ၃ နာရီ ၃ဝမိနစ်အချိန်က ခရိုင်ဘောလုံးအားကစားကွင်း၌ ကျင်းပကြောင်းသိရသည်။
မိုင်းယောင်း၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်
Jun 01,2021
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကြောင့် အခြေခံပညာကျောင်းများ ယာယီပိတ်ထားရာမှ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ ဇွန်လ ၁ ရက်နေ့တွင် အခြေခံပညာကျောင်းများ စတင် ဖွင့်လှစ်ရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ပြီး ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနေကြကြောင်း သိရသည်။
မြိတ်မြို့တွင် စာသင်ကျောင်းများ ဖွင့်လှစ်ရန် ကြိုတင်ပြင်ဆင်ထားရှိမှုနှင့် ကျောင်းလုံခြုံရေး ဆောင်ရွက်ထားရှိမှုအား လိုက်လံစစ်ဆေး
Jun 01,2021

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ၂၀၂၁-၂၂ ပညာသင်နှစ် ကျောင်းများ ဖွင့်လှစ်ရန် ကြိုတင် ပြင်ဆင် ဆောင်ရွက်ထားရှိမှုနှင့် ကျောင်းသား/သူ များ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေး အတွက် ကျောင်းများ လုံခြုံရေး ဆောင်ရွက်ထားမှုများအား မေလ(၃၁)ရက် နေ့လယ်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ လိုက်လံစစ်ဆေးခဲ့ကြသည်။