သတင်းများ

သီပေါမြို့နယ်တွင် ကိုဗစ်−၁၉ရောဂါကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီပြည်သူ့စာကြည့်တိုက် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်
Jun 01,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ၊ပြည်သူ့ စာကြည့်တိုက် တွင် စာပေဝါသနာရှင် စာဖတ်ပရိသတ်များအား စာအုပ်စာစောင် အလွယ်တကူ လေ့လာဖတ်ရှု နိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်−၁၉ရောဂါကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ စာကြည့်တိုက်၏စာငှား၊ စာဖတ်ဝန်ဆောင်မှု လုပ်ငန်းများကို အစိုးရရုံးပိတ်ရက်များမှအပ အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့ အထိနံနက်၉နာရီခွဲမှ ညနေ၄နာရီခွဲအထိ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဒလမြို့နယ်၌ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်
Jun 01,2021
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို ယနေ့ နံနက် ၉ နာရီတွင် တစ်ပြိုင်နက် ဖွင့်လှစ်ခဲ့ရာ ကျောင်းများတွင် ပညာသင်ယူကြမည့် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြင့် လာရောက်ကျောင်းတက်လျက်ရှိကြောင်း မြင်တွေ့ရသည်။
မကွေးမြို့နယ်အတွင်း ၂၀၂၁ -၂၀၂၂ ပညာသင်နှစ်အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ် သင်ကြား
Jun 01,2021
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်အတွင်း ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာ ကျောင်းများကို ယနေ့ နံနက် ၉ နာရီခွဲအချိန်ကစတင်၍ ကိုဗစ် -၁၉ ကာကွယ် ထိန်းသိမ်းရေး စည်းကမ်းချက် များနှင့်အညီ ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။
ပြည်သူများ နေ့စဉ်စားသုံးနေသည့် အသား/ငါးများကို ရောဂါကင်းရှင်းပြီး သန့်ရှင်းလတ်ဆတ်မှုရှိစေရေး မြိတ်မြို့ပေါ်ရှိ ဈေးများအား ရှောင်တခင်စစ်ဆေး
Jun 01,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ပြည်သူများ နေ့စဉ်စားသုံးနေသည့် အသား/ငါးများကို ရောဂါ ကင်းရှင်းပြီး သန့်ရှင်းလတ်ဆတ်မှုရှိစေရေးနှင့် ယုံကြည်စိတ်ချစွာ ဝယ်ယူစားသုံးနိုင်စေရေး ရည်ရွယ် ချက်ဖြင့် ယနေ့ နံနက်ပိုင်းက ဌာနဆိုင်ရာစုပေါင်းအဖွဲ့မှ မြို့ပေါ်ဈေးများရှိ အသား/ငါးများ ရောင်းချ လျက်ရှိသည့် ဈေးဆိုင်မျာအား ရှောင်တခင် စစ်ဆေးခဲ့ကြသည်။
ပြင်ဦးလွင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ
Jun 01,2021
မန္တလေးတိုင်းဒေသကြီး ၊ ပြင်ဦးလွင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဖလား( ၅) မြို့နယ်အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို မေ ၃၁ ရက် ၊ ညနေ ( ၃ -၃၀)နာရီက ပြင်ဦးလွင်ခရိုင်အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၊တာဝန်ရှိသူများ ၊ ပြိုင်ပွဲဝင် အသင်းများနှင့် ဘောလုံးဝါသနာရှင် ပြည်သူများ တက်ရောက် အားပေးကြသည် ။
လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်
Jun 01,2021
အခြေခံပညာဦးစီးဌာန ၂၀၂၁-၂၀၂၂ ပညာနှစ် ကျောင်းနေအရွယ်ကလေးများ အားလုံး ပညာသင်ယူခွင့် ရရှိဖို့အတွက် ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများ ယနေ့နံနက်ပိုင်းက ဖွင့်လှစ်ပြီဖြစ်ကြောင်း သိရသည်။
သီပေါတွင် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းများ ဆောင်ရွက်
Jun 01,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေး ကျန်းမာရေးဌာန၌ ယနေ့ နံနက်(၉)နာရီခွဲအချိန်က ရပ်ကွက်နှင့် ကျေးရွာများမှ ကလေးငယ်များအား လစဉ်ပုံမှန် ကာကွယ်ဆေးများထိုးနှံ၊ တိုက်ကျွေးပေးလျက်ရှိကြောင်း သိရသည်။