မကွေး ဇွန် ၁
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်အတွင်း ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာ ကျောင်းများကို ယနေ့ နံနက် ၉ နာရီခွဲအချိန်ကစတင်၍ ကိုဗစ် -၁၉ ကာကွယ် ထိန်းသိမ်းရေး စည်းကမ်းချက် များနှင့်အညီ ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။
မကွေးမြို့ပေါ်ရှိ အထက်တန်း၊အလယ်တန်း၊မူလတန်းကျောင်း စုစုပေါင်း(၂၆) ကျောင်း၊ မကွေး မြို့နယ်အတွင်း အထက်တန်း၊အလယ်တန်း၊မူလတန်းကျောင်း စုစုပေါင်း (၂၀၅)ကျောင်းရှိပြီး ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးအနေဖြင့် ကျောင်းတတ်ရောက်သည့် ကျောင်းသား/သူများ အား ကျောင်းဝန်းအဝင်တွင် ဆပ်ပြာနှင့်လက်ဆေး ဘေစင်ထားရှိပေးခြင်း၊ နှာခေါင်းစည်း(Mask)နှင့် Faceshieldများ တပ်ဆင်ပြီးမှ ဝင်ရောက်ရေး ဆောင်ရွက်ထားရှိပြီး ကျောင်းသား/သူများ အေးချမ်းစွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးလာရောက်သည့် ကျောင်းသား/သူ များအား ကျောင်းသုံးပစ္စည်း(၆)မျိုးဖြစ်သည့် ကျောင်းသုံးပြဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောလ်ပင်၊ ခဲတံ၊ နှာခေါင်းစည်း (mask)နှင့် Faceshield များကို အခမဲ့ပေးအပ်ခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းသိမ်းရေး စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။