သီပေါမြို့နယ်တွင် ကိုဗစ်−၁၉ရောဂါကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီပြည်သူ့စာကြည့်တိုက် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်

 

သီပေါ ဇွန် ၁

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ၊ပြည်သူ့ စာကြည့်တိုက် တွင် စာပေဝါသနာရှင် စာဖတ်ပရိသတ်များအား စာအုပ်စာစောင် အလွယ်တကူ လေ့လာဖတ်ရှု နိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်−၁၉ရောဂါကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ  စာကြည့်တိုက်၏စာငှား၊ စာဖတ်ဝန်ဆောင်မှု လုပ်ငန်းများကို အစိုးရရုံးပိတ်ရက်များမှအပ အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့ အထိနံနက်၉နာရီခွဲမှ ညနေ၄နာရီခွဲအထိ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ပြည်သူ့စာကြည့်တိုက်တွင် နိုင်ငံတော်ပြန်တမ်းများ၊ နေ့စဉ်ထုတ်သတင်းစာများ၊အပတ်စဉ်ထုတ် ဂျာနယ်စာစောင်များ၊ လစဉ်ထုတ်မဂ္ဂဇင်းများ ၊ ရုပ်ပြ/ကာတွန်းများ၊ ဝတ္ထုစာအုပ်များအပါအဝင် သုတ/ရသ စာပေမျိုးစုံကို စာပေချစ်သူပြည်သူများ အလွယ်တကူလေ့လာဖတ်ရှုနိုင်ရန်အတွက် စာငှား/စာဖတ် ဝန်ဆောင်မှု လုပ်ငန်းများအပြင် ကလေးစာဖတ်ခန်းကိုလည်း ကလေးငယ်များစာပေဖတ်ရှုလေ့လာခြင်းများ၊ စက္ကူအရုပ်ခေါက်ခြင်း၊ ဆေးရောင်ခြယ်ခြင်းများ ဆောင်ရွက်နိုင်ရန် သီးခြားထားရှိ ပေးလျက်ရှိကြောင်းနှင့် ပြည်သူ့စာကြည့်တိုက်ရှိ သုတ/ရသစာအုပ်စာပေများကို မည်သူမဆို(အခမဲ့)လာရောက် ငှားရမ်းဖတ်ရှု နိုင်ကြောင်း သိရသည်။

 

ခင်လေး(သီပေါ)