လှိုင်းဘွဲ ဇွန် ၁
အခြေခံပညာဦးစီးဌာန ၂၀၂၁-၂၀၂၂ ပညာနှစ် ကျောင်းနေအရွယ်ကလေးများ အားလုံး ပညာသင်ယူခွင့် ရရှိဖို့အတွက် ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများ ယနေ့နံနက်ပိုင်းက ဖွင့်လှစ်ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါကျောင်းများ ဖွင့်လှစ်ရာတွင် ဆရာ/မများနှင့်တာဝန်ရှိသူများက ကြီးကြပ်၍ ကျောင်းသား/ သူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ လက်ဆေးခြင်း၊ FACE SHIELD နှင့် နှာခေါင်းစည်းများ တပ်ဆင်ခြင်း စသည့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များ နှင့်အညီ ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ်တွင် အခြေခံပညာဦးစီးဌာန၊ အခြေခံပညာ အထက်တန်း/ အလယ်တန်း/ မူလတန်းကျောင်း စုစုပေါင်း(၃၃၂)ကျောင်းရှိပြီး ပြန်လည် ဖွင့်လှစ်သည့် ကျောင်း(၂၈၇)ကျောင်း၊ကျန်ရှိနေသည့် ကျောင်းများအား ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြို့နယ်၊ ပြန်/ဆက်