ဘီးလင်းမြို့နယ်၌ ကျောင်းသားကျောင်းသူများ အေးချမ်းစွာပညာသင်ယူ

ဘီးလင်း ဇွန် ၁

သထုံခရိုင် ဘီးလင်းမြို့နယ်တွင် ယနေ့ နံနက်ပိုင်းမှ စတင်ဖွင့်လှစ်သည့် အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ကျောင်းသူများ အေးချမ်းစွာ လာရောက်ပညာသင်ယူလျက်ရှိသည်။

ဘီးလင်းမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းပေါင်း ( ၁၅၂ )ကျောင်းရှိပြီး ကျောင်းသို့လာရောက် ပညာသင်ယူနေကြသောကျောင်းသား၊ကျောင်းသူများကို ကျန်းမာရေးနှင့်အား ကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ကျောင်းအတွင်း၌ လက်ဆေး‌ဘေစင်များ ထား ရှိပေးခြင်း၊ စာသင်ခန်းအတွင်း တစ်ဦးနှင့်တစ်ဦး ၆ ပေအကွာဖြင့် ထားရှိပေးခြင်း၊ ကျောင်းသား၊ ကျောင်းသူ များအား အပူချိန်တိုင်းတာပေးခြင်းများကို တာဝန်ကျ၊ဆရာဆရာမများက ဆောင်ရွက် ပေးလျက် ရှိကြောင်း သိရသည်။