ပြင်ဦးလွင် ဇွန် ၁
မန္တလေးတိုင်းဒေသကြီး ၊ ပြင်ဦးလွင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဖလား( ၅) မြို့နယ်အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို မေ ၃၁ ရက် ၊ ညနေ ( ၃ -၃၀)နာရီက ပြင်ဦးလွင်ခရိုင်အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၊တာဝန်ရှိသူများ ၊ ပြိုင်ပွဲဝင် အသင်းများနှင့် ဘောလုံးဝါသနာရှင် ပြည်သူများ တက်ရောက် အားပေးကြသည် ။
အဆိုပါ ပြင်ဦးလွင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား( ၅) မြို့နယ် အမျိုးသမီးဘောလုံးပြိုင်ပွဲကို( ၂၅ - ၅ - ၂၀၂၁ ) ရက်နေ့မှစတင်ပြီး ပြင်ဦးလွင်ခရိုင်အတွင်းရှိ မြို့နယ်များမှ ( ၃၁ - ၅ - ၂၀၂၁ ) ရက်နေ့အထိအင်တိုက်အားတိုက် ယှဉ်ပြိုင်ကစားခဲ့ရာ ဗိုလ်ပွဲတွင် မတ္တရာ အမျိုးသမီး ဘောလုံးအသင်းမှ ပြင်ဉီးလွင်အမျိုးသမီးဘောလုံး အသင်းကို ( ၄ ) ဂိုး ( ၂) ဂိုး ပင်နယ်တီသွင်းဂိုးများဖြင့် အနိုင်ရရှိပြီး ဆုရရှိသော ပထမ ( မတ္တရာ ) ၊ ဒုတိယ( ပြင်ဦးလွင်) အသင်းတို့ အား တာဝန်ရှိသူများမှ ဆုတံဆိပ်များ၊ ဂုဏ်ပြုငွေများ ၊ ဆုဖလားများကို အသီးသီး ချီးမြှင့်ခဲ့ပြီး အမှတ်တရ စုပေါင်းဓါတ်ပုံရိုက်ကူးခဲ့ကြသည်။
ယခုလို ပြင်ဦးလွင်ခရိုင်အတွင်း အမျိုးသမီးဘောလုံးပြိုင်ပွဲများ ကျင်းပရခြင်းကြောင့် မြို့နယ်အတွင်းမှာ တိမ်မြုပ်နေသော အားကစားသမားကောင်းများကို ရှာဖွေတွေ့ရှိ နိုင်သဖြင့် မိမိတို့ခရိုင်အနေဖြင့် ဘောလုံးအားကစားအဆင့် မြှင့်တင်နိုင်မည်ဖြစ်ရာ အလွန်ပင်ဝမ်းသာပီတိ ဖြစ်ရပါကြောင်း တာဝန်ရှိသူ တစ်ဦး၏ပြောကြားချက်အရ သိရသည်။
ခရိုင် ( ပြန်/ဆက် )