မြိတ် ဇွန် ၁
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ပြည်သူများ နေ့စဉ်စားသုံးနေသည့် အသား/ငါးများကို ရောဂါ ကင်းရှင်းပြီး သန့်ရှင်းလတ်ဆတ်မှုရှိစေရေးနှင့် ယုံကြည်စိတ်ချစွာ ဝယ်ယူစားသုံးနိုင်စေရေး ရည်ရွယ် ချက်ဖြင့် ယနေ့ နံနက်ပိုင်းက ဌာနဆိုင်ရာစုပေါင်းအဖွဲ့မှ မြို့ပေါ်ဈေးများရှိ အသား/ငါးများ ရောင်းချ လျက်ရှိသည့် ဈေးဆိုင်မျာအား ရှောင်တခင် စစ်ဆေးခဲ့ကြသည်။
“အဓိကတော့ ဈေးတွေမှာ အသား/ငါးတွေ တည်ခင်းရောင်းချတဲ့အခါမှာ ဘေးအန္တရာယ်ကင်းရှင်းဖို့နဲ့ ကောလာဟလကြောင့် ပြည်သူလူထုတွေ စိုးရိမ်ထိတ်လန့်မှုတွေ မရှိစေဖို့၊ ပြည်သူလူထုတွေစားသုံးတဲ့ အစား အသောက်တွေ ဘေးအန္တရယ်ကင်းရှင်းစေဖို့ ကြပ်မတ်ဆောင်ရွက်တာဖြစ်ပါတယ်။ စစ်ဆေးတဲ့ အခါမှာ ရောဂါဖြစ်ဖွယ် သံသယရှိတာ မတွေ့ရှိရပါဘူး” ဟု မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင် အရာရှိ ဦးကြည်စိုးက ပြောသည်။
ရှောင်တခင် စစ်ဆေးဆောင်ရွက်ခြင်းကို မြို့ပေါ်ဈေးများဖြစ်သော တပ်ပြင်ဈေး၊ ဆိပ်ငယ်ဈေး၊ နောက် လယ်ဈေး၊ သီရိမင်္ဂလာဈေး၊ သီဟဇေယျာဈေး၊ အောင်မင်္ဂလာဈေးတို့တွင် အသား/ငါးများ ရောင်းချ လျက်ရှိသည့် ဈေးဆိုင်(၅၀)ခန့်အား စစ်ဆေးခဲ့ကြရာ သံသယဖြစ်ဖွယ် အသား/ငါးများ ရောင်းချခြင်းမရှိ ကြောင်း သိရသည်။ ထိုသို့စစ်ဆေးဆောင်ရွက်ခြင်းကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီး ဌာနနှင့် ဈေးကော်မတီများမှ တာဝန်ရှိသူများက ရှောင်တခင်စစ်ဆေးခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး (မြိတ် ပြန်/ဆက်)