ရန်ကုန် ဇွန် ၁
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို ယနေ့ နံနက် ၉ နာရီတွင် တစ်ပြိုင်နက် ဖွင့်လှစ်ခဲ့ရာ ကျောင်းများတွင် ပညာသင်ယူကြမည့် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြင့် လာရောက်ကျောင်းတက်လျက်ရှိကြောင်း မြင်တွေ့ရသည်။
ထိုသို့ အခြေခံပညာကျောင်းများသို့ ကျောင်းသား၊ ကျောင်းသူများ လာရောက်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဆရာ၊ ဆရာမများက ကျောင်းဝင်ပေါက်၌ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ နှာခေါင်းစည်းများ တပ်ဆင်ပေးခြင်း၊ လက်သန့်ဆေးရည်များဖြင့် လက်ဆေးပေးခြင်းတို့ကို ပြုလုပ်ပေးပြီး သက်ဆိုင်ရာ စာသင်ခန်းအတွင်းသို့ ဝင်ရောက်ခွင့်ပြုပေးလျက်ရှိကြောင်း သိရသည်။
ဒလမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအားလုံး၌ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ အန္တရာယ် မဖြစ်ပေါ်စေရေးနှင့် လုံခြုံရေးတို့အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် မြို့နယ်ရဲတပ်ဖွဲ့ဝင် များ၊ နယ်မြေခံတပ်မှ တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကျောင်းအုပ် ဆရာ၊ ဆရာမများ၊ မိဘဆရာအသင်းဝင်များ၊ ကျောင်းအကျိုးတော်ဆောင်များ က ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
နိုင်လင်းကျော်