သတင်းများ

ချောက်မြို့တွင် အသက်​မွေးဝမ်း​ကျောင်း အ​ထောက်အကူပြု အ​ခြေခံစက်ချုပ်သင်တန်း သင်တန်းဖွင့်
Jun 01,2021
မ​ကွေးတိုင်း​ဒေသကြီး​ ချောက်မြို့နယ်​ ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာနမှ ဦး​ဆောင်ဖွင့်လှစ် သည့် အသက်​မွေးဝမ်း​ကျောင်း အ​ထောက်အကူပြုသင်တန်း အ​ခြေခံစက်ချုပ်ပညာသင်တန်း အမှတ်စဉ် (၂/၂၀၂၁)ခုနှစ်သင်တန်းဖွင့်ပွဲကို သစ်တိုကန်​ကျေးရွာအုပ်စု ဓမ္မာရုံ၌ ယနေ့ နံနက်၁၀ နာရီအချိန် ကကျင်းပသည်။
စဉ့်ကိုင်မြို့နယ်အတွင်း ၂၀၂၁-၂၀၂၂ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြား
Jun 01,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ဇွန်လ(၁)ရက် နံနက်(၈)နာရီခွဲတွင် စတင်ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။
မုဒုံမြို့နယ်အတွင်းရှိ တောင်သူများအတွက် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေး
Jun 01,2021
မွန်ပြည်နယ်၊ မုဒုံမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်အတွင်းရှိ တောင်သူလယ်သမားများ အတွက်၂၀၂၁ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးပေးခြင်းကို ယနေ့ နံနက်၉နာရီခွဲက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလမ်းညွှန်ချက်များနှင့် အညီစနစ်တကျ ထုတ်ချေးပေးလျက်ရှိကြောင်းသိရသည်။
ချောင်းဆုံမြို့နယ်တွင် ၂၀၂၁−၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများ ကိုဗစ်−၁၉ စည်ကမ်း ချက်များနှင့်အညီ စတင်ဖွင့်လှစ်
Jun 01,2021
၂၀၂၁−၂၀၂၂ ပညာသင်နှစ်တွင် မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ပညာရေးဦးစီး ဌာန လက်အောက်ရှိအခြေခံပညာ (ထက်၊လယ်၊မူ) ကျောင်းများကို ဇွန်လ ၁ ရက်နေ့က ကိုဗစ်−၁၉ စည်ကမ်းချက်များနှင့်အညီဖွင့်လှစ်လိုက်သည့်အတွက် ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ ကျောင်းစတင်တက်ရောက်သင်ကြားနေပြီးဖြစ်ကြောင်းသိရသည်။
ရေလမ်းကြောင်းခရီးဖြင့် ခရီးသည်၊ ကုန်စည်နှင့် မော်တော်ယာဉ်များ သယ်ယူပို့ဆောင်ပေးနိုင်ရန် ရေယာဉ်/ တွဲယာဉ်များ တည်ဆောက်ရာ ဒလသင်္ဘောကျင်း
Jun 01,2021
ကုန်းလမ်း၊ လေကြောင်းလမ်း၊ မီးရထားလမ်း စသည့် သယ်ယူပို့ဆာင်မှု နည်းလမ်းများ မည်မျှပင် ခေတ်မီဖွံ့ဖြိုး တိုးတက်လာစေကာမူ မြန်မာနိုင်ငံ အတွင်း ဒေသအနှံအပြားရှိ ရေယာဉ်များ သွားလာနိုင်သည့် မြစ်များ၊ ချောင်းများ ကြောင့် ကုန်ကျစရိတ် သက်သာစွာဖြင့် ခရီးသည်နှင့် ကုန်စည်များ ပို့ဆောင်နိုင်သည့် ရေကြောင်းပို့ဆောင်မှု လုပ်ငန်း များမှာ မြန်မာနိုင်ငံအတွက် အထူးအရေးပါသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်လျက်ရှိ‌သည်။
မင်းလှမြို့နယ်၌၂၀၂၁-၂၀၂၂ ပညာသင်နှစ်အခြေခံပညာကျောင်းများစတင်ဖွင့်လှစ်
Jun 01,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် မြို့နယ် အတွင်းရှိအခြေခံ ပညာကျောင်းများကို ဇွန်လ ၁ ရက်နေ့ နံနက်ပိုင်းက စတင်ဖွင့်လျက်ရှိရာကျောင်းသား/ကျောင်းသူများ ပညာသင်ကြား လျက်ရှိကြောင်း သိရသည်။
မိုးနဲမြို့၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်
Jun 01,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအားလုံး ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ယနေ့တွင် စတင်ဖွင့်လှစ်ပြီး ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ကြာအင်းဆိပ်ကြီးမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်
Jun 01,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ အခြေခံပညာကျောင်း များအား ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ယနေ့ ဇွန်လ(၁)ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ အခြေခံပညာကျောင်းများအား စတင်ပြီးဖွင့်လှစ်ခဲ့ကြောင်း သိရသည်။