မော်လမြိုင်ကျွန်းမြို့နယ်အတွင်း၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

မော်လမြိုင်ကျွန်း ဇွန် ၁ လပွတ္တာခရိုင် ၊မော်လမြိုင်ကျွန်း မြို့နယ်အတွင်းရှိ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အခြေခံ ပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းများတွင် ယနေ့ နံနက်(၉)နာရီခွဲအချိန်က စတင်၍ ဖွင့်လှစ်ပညာ သင်ကြား လျက်ရှိကြောင်းသိရသည်။ မြို့နယ်အတွင်း အခြေခံပညာအထက်တန်းကျောင်း (၁၅)ကျောင်း၊ အထက်တန်းကျောင်းခွဲ(၃ဝ ) ကျောင်း၊ အလယ်တန်းကျောင်း ( ၂၄)ကျောင်း၊ အလယ်တန်း ကျောင်းခွဲ (၃၄ )ကျောင်း၊ မူလတန်းလွန် ကျောင်း (၇၅ ) ကျောင်း၊ မူလတန်းကျောင်း (၁၉၂ ) ကျောင်း၊ မူတန်းခွဲ (၁၁ )ကျောင်း စုစုပေါင်း (၃၈၁ ) ကျောင်း ရှိပြီးကျောင်းသား၊ ကျောင်းသများအေးချမ်းစွာပညာသင်ကြားလျက် ရှိကြောင်း သိရသည်။ သီတာအောင် (ပြန်ဆက်)