နွားထိုးကြီး ဇွန် ၁
နွားထိုးကြီးမြို့နယ်အတွင်းရှိ၂၀၂၁-၂၀၂၂ပညာသင်နှစ် အခြေခံပညာကျောင်းများ ယနေ့နံနက် ၈နာရီက စတင်ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်းသိရသည်။
နွားထိုးကြီးမြို့နယ်အတွင်း အခြေခံပညာ အထက်တန်းကျောင်း (၁၁) ကျောင်း၊အထက်တန်း ကျောင်းခွဲ (၂၄) ကျောင်း၊အလယ်တန်းကျောင်း (၁၂) ကျောင်း၊ အလယ်တန်းကျောင်းခွဲ (၈) ကျောင်း၊မူလတန်း လွန်ကျောင်း (၁၅) ကျောင်း၊ မူလတန်းကျောင်း (၉၁) ကျောင်း၊ မူလတန်းခွဲကျောင်း (၄) ကျောင်း စုစုပေါင်း (၁၆၅) ကျောင်းရှိပြီး ကျောင်းသား၊ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားလျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်စေရေးအတွက် Mask Face Shild များတပ်ဆင် ပညာသင်ကြားလျက်ရှိကြောင်းသိရသည်။
သန်းအောင်ဇော်