သတင်းများ

ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ၂၀၂၀-၂၀၂၁ ပညာသင်နှစ် အခြေခံပညာ ကျောင်းများ ဖွင့်လှစ်သင်ကြားနေမှုအား ကြည့်ရှုအားပေး
Jun 01,2021
ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီး ကောင်စီအဖွဲ့ဝင် များ၊ တိုင်းဒေသကြီးပညာရေး ညွှန်ကြားရေးမှူး၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ လိုက်ပါလျက် ဇွန် ၁ ရက် နံနက် ၁၁ နာရီက ပဲခူးမြို့တွင်း ၂၀၂၀-၂၀၂၁ ပညာသင်နှစ် အခြေခံပညာကျောင်းများ ဖွင့်လှစ် သင်ကြားနေမှုအား ကြည့်ရှု အားပေးခဲ့သည်။
နတ်မောက်မြို့နယ်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ အခြေခံပညာကျောင်းများ စတင် ဖွင့်လှစ်
Jun 01,2021
မကွေးတိုင်းဒေသကြီး၊နတ်မောက်မြို့နယ်တွင်၂၀၂၁-၂၀၂၂ပညာသင်နှစ် အခြေခံပညာ ကျောင်းများကို ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဇွန်(၁)ရက်နေ့မှစတင်၍ ဖွင့်လှစ်သင်ကြား ပေးလျက် ရှိသည်။
ဇေယျာသီရိမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲကျင်းပ
Jun 01,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးခဲ့သော နိုင်ငံသားစိစစ်ရေး ကတ်ပြားပေးအပ်ပွဲ အခမ်းအနားကို ဇေယျာသီရိမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာအကြီးအကဲများ တွေ့ဆုံ၍ ညှိနှိုင်းဆွေးနွေး
Jun 01,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ ယနေ့နံနက် ၁၀ နာရီက တွေ့ဆုံ၍ သက်ဆိုင်ရာ ကဏ္ဍအလိုက် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
သရက်မြို့ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ စတင် ကျောင်းတက်
Jun 01,2021
မကွေးတိုင်းဒေသကြီး သရက်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်းများဖြစ်သော အထက(၁)၊ အထက(၂)နှင့် အထက(၃) ကျောင်းများတွင်ယနေ့ နံနက်ပိုင်းမှ စတင်၍ ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကျောင်းသား၊ ကျောင်းသူများ ကျောင်းစတင် တက်ရောက် လျက်ရှိကြောင်း သိရသည်။
ခေါဇာမြို၌ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ အခြေခံပညာအထက်တန်း​ကျောင်း စတင်ဖွင့်လှစ်သင်ကြားပေး
Jun 01,2021
“ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့" ဆိုတဲ့ ဆောင်ပုဒ်နှင့်အညီ ၂၀၂၁ -၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေး အတွက် ကျောင်းအပ်နှံရေးလုပ်ငန်းများကို မေလ (၂၄) ရက်နေ့မှ (၃၁)ရက်နေ့ အထိ ဆောင်ရွက်ပေးခဲ့ပြီး ယနေ့ နံနက်(၈)နာရီမှ စတင်၍ ကျောင်းများ ဖွင့်လှစ် သင်ကြား ပေးလျက်ရှိရာ မွန်ပြည်နယ်၊ ခေါဇာမြို့အခြေခံ ပညာအထက်တန်းကျောင်း၌လည်း ကျန်မာရေး ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး ဆိုင်ရာလမ်းညွှန်ချက်များနှင့် အညီ ဆောင်ရွက်ထားကြောင်း သိရသည်။
စေတုတ္တရာမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး နည်းလမ်းများနှင့်အညီ စနစ်တကျစတင်ဖွင့်လှစ်သင်ကြားပေး
Jun 01,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာ ကျောင်း များအား ယနေ့နံနက် (၉)နာရီအချိန်ကစတင်ကာ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး နည်းလမ်းများ နှင့်အညီ စနစ်တကျ စတင်ဖွင့်လှစ်သင်ကြား ပေးလျက်ရှိကြောင်း သိရသည်။
နတ်တလင်းမြို့နယ်အတွင်းရှိ ကျောင်းများ စတင်ဖွင့်လှစ်၍
Jun 01,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း အလယ်တန်း၊ မူလတန်းလွန်ကျောင်းများနှင့် မူလတန်းကျောင်းများကို ယနေ့ နံနက်မှစ၍ ကျောင်းများဖွင့်လှစ်လျက်ရှိ ကြောင်း သိရသည်။