တပ်ကုန်း ဇွန် ၁
နေပြည်တော်တပ်ကုန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ယနေ့နံနက် ၈နာရီမှ စတင်၍ ကျောင်းသား၊ကျောင်းသူများ မိမိတို့ အပ်နှံထားသော ကျောင်းများသို့ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ သွားရောက်ပညာသင်ကြားကြကြောင်း သိရသည်။
တပ်ကုန်းမြို့နယ်အတွင်းရှိ ကျောင်းသား၊ကျောင်းသူများ ကျောင်းတက်လာရာတွင် နှာခေါင်း စည်း၊ မျက်နှာကာများတပ်ဆင်ခြင်း၊ စာအုပ်၊ ခဲတံ၊ဘောပင်၊ပေတံများကို မျှဝေသုံးစွဲခြင်းမပြုရန်၊ ကျောင်း အဝင်နှင့် စာသင်ဆောင်ရှေ့၌ လက်ဆေးဘေစင်များထားရှိပြီ၊ စနစ်တကျလက်ဆေးခြင်း၊ မိဘဆရာများ၊ ကျောင်းသား၊ကျောင်းသူများ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ စည်းမျဉ်း၊စည်းကမ်းများ လိုက်နာသွားကြရန် သတ်မှတ်ထားကြောင်းနှင့် တက်ရောက်ပညာသင် ကြားနေသော ကျောင်းသား/ ကျောင်းသူဦးရေမှာ အထက်တန်းအဆင့်တွင် (၁၅၈၈)ဦး၊ အလယ် တန်းအဆင့်တွင် (၇၅၆၈)ဦး၊ မူလတန်းအဆင့်တွင် (၁၂၃၂၃)ဦး တက်ရောက်ပညာသင်ကြား ကြောင်းကို မေ ၂၄ ရက်မှ ၃၁ ရက်နေ့ထိ ကျောင်းအပ်နှံရေးသီတင်းပတ်စာရင်းအရ မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
တင်စိုးလွင်