ဒေးဒရဲ ဇွန် ၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာ သင်နှစ် အခြေခံပညာ ကျောင်းများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ရေး လမ်းညွှန်ချက်များနှင့်အညီ ယနေ့ နံနက်ပိုင်းမှ စတင်ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။
အဆိုပါ အခြေခံပညာကျောင်းများဖွင့်လှစ်ရာ၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဒေးဒရဲမြို့နယ်အတွင်း အ.ထ.က(၁၉) ကျောင်း၊ အ.ထ.က(ခွဲ)(၂၇) ကျောင်း၊ အ.လ.က(၂၃)ကျောင်း၊ အ.လ.က(ခွဲ)(၂၀)ကျောင်း၊ အ.မ.က (လွန်) (၁၆)ကျောင်း၊ အ.မ.က(၁၁၃)ကျောင်း၊ အ.မ.က(ခွဲ)(၁)ကျောင်းနှင့် ဘုန်းတော်ကြီး သင် ပညာရေးကျောင်း(၂)ကျောင်း၊ စုစုပေါင်း (၂၂၁)ကျောင်းရှိပြီး ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာယာစွာ ပညာသင်ကြားနိုင်ရေး မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးကျော်ကျော်နှင့် အဖွဲ့ဝင်များ၊ အခြေခံပညာဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာကျောင်းအလိုက် ကျောင်း ကော်မတီများနှင့် ကျောင်းလုံခြုံရေးအဖွဲ့များ ပူးပေါင်း၍ ကျောင်းပတ်ဝန်းကျင် လုံခြုံရေး လုပ်ငန်းများအား ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးက သိရသည်။
မြင့်မြင့်ခိုင်