သတင်းများ

ကျောက်ဆည်မြို့နယ်တွင် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP)သင်တန်းဖွင့်လှစ်
Jun 04,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန နှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်းပြီး ကျေးလက်ဒေသများဖွံ့ဖြိုးလာစေရန်နှင့် ပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားစေရန်၊ ကျေးလက်ဒေသများစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ပြီး မြို့ပြနှင့်ကျေးလက်ဖွံ့ဖြိုးမှုကွာဟချက်များမရှိစေရန်၊ စားနပ်ရိက္ခာဖူလုံရေး၊ အစားအစာဘေးကင်းမှုရှိစေရေးနှင့် လယ်ယာကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယ​နေ့နံနက် (၉)နာရီခွဲ အချိန်က စိုက်ပျိုးရေးဆို်ငရာအလေ့အကျင့်ကောင်းများ (GAP)သင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။
နတ်မောက်မြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေဘဏ်ခွဲတွင် မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေး
Jun 04,2021
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တောင်သူကြီးများအား ၂၀၂၁ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို မေလ(၂၇)ရက်နေ့မှ စတင်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ် ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လမ်းညွှန်မှာကြားချက်များနှင့်အညီ ထုတ်ချေးပေးလျက်ရှိသည်။
ကြို့ပင်ကောက်မြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ
Jun 04,2021
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့နှင့် ဌာနဆိုင်ရာ အကြီးအကဲများ တွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ဇွန်လ ၃ ရက်နေ့ နံနက်ပိုင်းက ပြုလုပ်သည်။
လယ်ကန်သင်းတွင် ဆူးပုတ်ရွက်ပင်များ စိုက်ပျိုးသည့် တောင်သူများအနေဖြင့် စားဝတ်နေရေးအတွက် တစ်ဘက်တစ်လမ်းမှ အထောက်အကူပြုနေ
Jun 04,2021
ပျော်ဘွယ်မြို့နယ်အတွင်းရှိ တောင်သူများအနေဖြင့် လယ်ယာစိုက်ပျိုးရေး၊ ဥယျာဉ်ခြံလုပ်ငန်းများကို လုပ်ကိုင် ဆောင်ရွက်လျက်ရှိရာ မိသားစုစားဝတ်နေရေးအတွက် တစ်ဘက်တစ်လမ်း အထောက်အကူ ပြုစေသည့် ဆူးပုတ်ရွက်ပင်များကိုလည်း လယ်ကန်သင်းဘောင်တွင် စိုက်ပျိုးလာကြကြောင်း သိရသည်။
မင်းလှမြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေး သင်တန်းပို့ချ
Jun 04,2021
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ သာယာဝတီခရိုင် လူမှုဝန်ထမ်းရုံးက ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ယမန်နေ့မွန်းလွဲ ၁ နာရီချိန်က ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေ အသိပညာပေး သင်တန်း ဖွင့်လှစ်ပို့ချပေးခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် ကောင်စီအဖွဲ့ဝင်များသည် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ရုံးဝန်ထမ်းများ၊ လမ်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ
Jun 04,2021
ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ကောင်စီအဖွဲ့ဝင်များနှင့် ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော်ရုံး ဝန်ထမ်းများနှင့် တွေ့ဆုံပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ပုသိမ်မြို့ လွှတ်တော်ရုံး အစည်းအဝေး ခန်းမ(၁)တွင် ကျင်းပပြုလုပ်ခဲ့သည်။
မင်းလှမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း (၁၅၅)ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားလျက်ရှိ
Jun 04,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၌ ဇွန်လ ၁ ရက်နေ့က ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းပေါင်း (၁၅၅) ကျောင်းကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ရာ ယနေ့အထိ ကျောင်းသား၊ ကျောင်းသူ (၈၈၅၅) ဦး အေးချမ်းစွာ တတ်ရောက် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ရုံးပတီသီး စိုက်ပျိုးသည့် တောင်သူများ ဈေးနှုန်းကျဆင်းခြင်းကြောင့် အမြတ်အစွန်း နည်းပါးလျက်ရှိ
Jun 04,2021
ပျော်ဘွယ်မြို့နယ်အတွင်း ရုံးပတီသီး စိုက်ပျိုးသည့် တောင်သူများအနေဖြင့် ဈေးနှုန်းများ ကျဆင်းနေခြင်းကြောင့် အမြတ်အစွန်း နည်းပါးလျက်ရှိကြောင်း သိရသည်။