သတင်းများ

တောင်ငူမြို့နယ်တွင် ကျောင်းအပ်နှံမှုအား ဆက်လက်လက်ခံဆောင်ရွက်ပေးလျက်ရှိ
Jun 04,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်အတွင်း အခြေခံပညာကျောင်းများ၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အတွက် အခြေခံပညာကျောင်းများ ဖွင့်လှစ်ထားပြီး ကျောင်းအပ်နှံမှုများ ဆက်လက်၍ လက်ခံ ဆောင်ရွက်ပေးလျက်ရှိကြောင်း ယနေ့ နံနက်ပိုင်းက ခရိုင်ပညာရေးမှူးရုံးမှ သိရသည်။
ဒေါပုံမြို့နယ်တွင် အသက်(၈၅)နှစ်နှင့် အထက် ဘိုးဘွားများအား (၃) လတစ်ကြိမ် ထောက်ပံ့သည့် လူမှုရေးပင်စင်ငွေများအား အိမ်တိုင်ရာရောက်ပေးအပ်
Jun 04,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ သုံးလတစ်ကြိမ် ထောက်ပံ့ပေးလျက်ရှိသော လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒေါပုံမြိုနယ်ရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းစွာ ပညာသင်ကြား လျက်ရှိ
Jun 04,2021
ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်ရှိ အခြေခံပညာစာသင်ကျောင်းများ ၌ ဇွန်လ(၁)ရက်နေ့ မှ စတင်၍ ကျောင်းသား၊ ကျောင်းသူ များ စိတ်အေးချမ်းသာစွာ ပညာသင်ကြားလျက်ရှိ ကြ သည်။
နမ္မတူမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပျက်စီးခဲ့သော လူနေအိမ်များအတွက် ထောက်ပံ့ငွေများပေးအပ်
Jun 04,2021
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ နမ္မတူမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ မေလ (၂၄)ရက်နေ့တွင် နမ္မတူမြို့နယ်၌ မိုးသည်း ထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် ပန်ဟိုက်ရပ်ကွက်ရှိ အမိုးလန် ပျက်စီးခဲ့သည့် လူနေအိမ် (၃၈)လုံးအတွက် ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်ခြင်းကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက် (၁၁)နာရီခန့်က ဆောင်ရွက်ခဲ့ပါသည်။
မဟာအောင်မြေမြို့နယ် အခြေခံပညာကျောင်းများတွင် နေ့စဉ်ကျောင်းအပ်နှံမှုများရှိ
Jun 04,2021
၂၀၂၁-၂၀၂၂ ပညာသင်နှစ် မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအား ဇွန်လ(၁)ရက်နေ့မှစတင်ဖွင့်လှစ်ခဲ့ရာ အေးချမ်းတည်ငြိမ်စွာ ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရှိရသည်။
သနပ်ပင်မြို့နယ်၌ ၂၀၂၁-၂၀၂၂ ခုနှစ် ငါးလုပ်ငန်းရာသီနှစ်အတွက် (တတိယ)အကြိမ် အင်းလေလံတင် ရောင်းချ ခြင်း နှင့်(ဒုတိယ)အကြိမ် ပိုက်ချက်တင်ဒါ‌ ရောင်းချခြင်း အခမ်းအနားကျင်းပပြုလုပ်
Jun 04,2021
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ် ငါးလုပ်ငန်း ဦးစီး ဌာနတွင် ၂၀၂၁-၂၀၂၂ခုနှစ် ငါးလုပ်ငန်းရာသီနှင့် အတွက် (တတိယ)အကြိမ် အင်းလေလံတင် ရောင်းချခြင်းနှင့် (ဒုတိယ) အကြိမ် ပိုက်ချက်တင်ဒါ‌ ရောင်းချခြင်း အခမ်းအနားကို ဇွန် ၄ ရက်နေ့ နံနက် ၁၀ နာရီ အချိန်က မြို့နယ် ငါးလုပ်ငန်းဦးဌာနရုံး၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနမှ ထုတ်ပြန် ထား‌သော ကိုဗစ် ၁၉ စည်းကမ်း ချက်များ နှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။
တာလေမြို့၌ အသက်တစ်နှစ်ခွဲအောက် ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေး ထိုးခြင်း၊ ပိုလီယိုကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်
Jun 04,2021
တာလေမြို့၌ အသက်တစ်နှစ်ခွဲအောက် ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေး ထိုးနှံခြင်း၊ ပိုလီယိုကာကွယ်ဆေးထိုးခြင်း၊ အစက်ချဆေးတိုက်ကျွေးခြင်းများနှင့် ပေါင်ချိန်ခြင်းများကို ယနေ့ နံနက်ပိုင်းက ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာလေမြို့ ၊ နားယောင်းကျေးရွာအုပ်စု အတွင်းရှိ နားအွန်ကျေးလက်ကျန်းမာရေးဌာနခွဲ၌ ဆောင်ရွက်ခဲ့သည်။
တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးတင်အောင် အခြေခံပညာ ကျောင်းများသို့ လှည့်လည်ကြည့်ရှု့
Jun 04,2021
တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဌ ဦးတင်အောင်နှင့် အဖွဲ့ဝင်များသည် သက်ဆိုင်ရာ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ထားဝယ်မြို့ရှိ အခြေခံပညာကျောင်းများသို့ လှည့်လည် ၍ကြည့်ရှု့ခဲ့ကြောင်း သိရသည်။