မင်းလှ ဇွန် ၄
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ သာယာဝတီခရိုင် လူမှုဝန်ထမ်းရုံးက ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ယမန်နေ့မွန်းလွဲ ၁ နာရီချိန်က ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေ အသိပညာပေး သင်တန်း ဖွင့်လှစ်ပို့ချပေးခဲ့ကြောင်း သိရသည်။
သင်တန်းတွင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီအတွင်းရေးမှူး လူမှုဝန်ထမ်းဦးစီးဌာန သာယာဝတီခရိုင် လူမှုဝန်ထမ်းရုံးမှ တာဝန်ခံဦးစီး အရာရှိ ဒေါ်မြတ်မြတ်စိုးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအဖွဲ့ဝင် မြို့နယ်ဥပဒေအရာရှိ ဒေါ်အိအိမြင့်အောင်က ၂၀၁၉ ခုနှစ် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေ၊ ရည်ရွယ်ချက် (အခန်း၂ ပုဒ်မ ၄)၊ အခန်း(၇) ကလေးသူငယ်၏ အခွင့်အရေးများ ပုဒ်မ ၁၈ မှ ၂၄ နှင့် စသည့် အခန်းကဏ္ဍ များကို နေ့လည် ၁ နာရီမှ ၃ နာရီချိန်ထိဆွေးနွေးပို့ချသင်ကြားပေးခဲ့သည်။
အဆိုပါ သင်တန်းကို ရပ်ကွက်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌများ နှင့် စာရေးဝန်ထမ်းများ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ စုစုပေါင်း(၃၅) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ပေါက်စ (မင်းလှ)