ကျောက်ဆည်မြို့နယ်တွင် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP)သင်တန်းဖွင့်လှစ်
Jun 04,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန နှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်းပြီး ကျေးလက်ဒေသများဖွံ့ဖြိုးလာစေရန်နှင့် ပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားစေရန်၊ ကျေးလက်ဒေသများစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ပြီး မြို့ပြနှင့်ကျေးလက်ဖွံ့ဖြိုးမှုကွာဟချက်များမရှိစေရန်၊ စားနပ်ရိက္ခာဖူလုံရေး၊ အစားအစာဘေးကင်းမှုရှိစေရေးနှင့် လယ်ယာကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် (၉)နာရီခွဲ အချိန်က စိုက်ပျိုးရေးဆို်ငရာအလေ့အကျင့်ကောင်းများ (GAP)သင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။