သတင်းများ

ရုံးပတီသီး စိုက်ပျိုးသည့် တောင်သူများ ဈေးနှုန်းကျဆင်းခြင်းကြောင့် အမြတ်အစွန်း နည်းပါးလျက်ရှိ
Jun 04,2021
ပျော်ဘွယ်မြို့နယ်အတွင်း ရုံးပတီသီး စိုက်ပျိုးသည့် တောင်သူများအနေဖြင့် ဈေးနှုန်းများ ကျဆင်းနေခြင်းကြောင့် အမြတ်အစွန်း နည်းပါးလျက်ရှိကြောင်း သိရသည်။
မိုးညိုမြို့နယ်တွင် ၂၀၂၀ ခုနှစ်အတွင်း သဘာ၀ဘေးကြောင့် သီးနှံများပျက်စီးဆုံးရှုံးခဲ့သည့် ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားပြုလုပ်
Jun 04,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊ မိုးညိုမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (OSS) ရုံးတွင် ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က မိုးညိုမြို့နယ်၌၂၀၂၀ ခုနှစ်အတွင်း သဘာ၀ဘေးကြောင့် သီးနှံ များ ပျက်စီးဆုံးရှုံးခဲ့သည့် တောင်သူများသို့ ထောက်ပံ့ပေးအပ်သည့် ငွေများအား ကျေးရွာအုပ်စု၊ သဘာ၀ဘေးထောက်ပံ့ရေးအဖွဲ့သို့ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနား ပြုလုပ်ခဲ့သည်။
ရှမ်းအညာမြေမှ “ပန်နူဖိုင်း“ခေါ် ရှမ်းရိုးရာမီးရှူးလွှတ် မိုးခေါ်ပွဲ
Jun 04,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးမြို့နယ်၊ ပုန်းထွန်ကျေးရွာအုပ်စု၊ ဝမ်ကွန်ကျေးရွာတွင် ယမန်နေ့က ရှမ်းအညာခေါ် လင်းခေးဒေသ၏ “ပန်နူဖိုင်း “ခေါ် မီးရှူးလွှတ်မိုးခေါ် ပွဲတော် ကျင်းပခဲ့ကြောင်း သိရသည်။
တနင်္သာရီမြို့မရဲစခန်းရှိ အချုပ်သား (၂၇)ဦးတွင် ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိ
Jun 04,2021
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် တနင်္သာရီမြို့မရဲစခန်းမှ အချုပ်သား ကျား(၃၄)ဦး၊ မ(၁)ဦး၊ ပေါင်း(၃၅)ဦးနှင့် အချုပ်ခန်းလုံခြုံရေး ဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်(၆) ဦး စုစုပေါင်း (၄၁)ဦးတို့အား ယမန်နေ့ မွန်းလွဲ ၂နာရီ ၃၀အချိန်မှ ညနေ ၆ နာရီအထိ မြို့မရဲစခန်းအတွင်း မြို့နယ်ကျန်းမာရေးဦးစီးဌာန ညောင်ပင်ကွင်း ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူး ဦးမြတ်သီလ ဦးဆောင်ကြီးကြပ်၍ ဓာတ်ခွဲကျွမ်းကျင်(၄) နော်ဖေါခူစေးနှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT-Test Kit ဖြင့် လာရောက်စစ်ဆေးပေးရာတွင် အချုပ်တရားခံ ကျား(၂၇)ဦးတွင် ကိုဗစ်-၁၉ရောဂါပိုး အတည်ပြုတွေ့ရှိကြောင်း သိရှိရသည်။
ရေကြည်မြို့နယ်၌ ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းဖော်ခြင်းလုပ်ငန်းဆောင်ရွက်
Jun 04,2021
ယခုအခါမိုးရာသီကို ရောက်ရှိလာပြီဖြစ်သဖြင့် ရေကြည်မြို့နယ်အတွင်းရှိ ရေမြောင်းများရေစီးရေလာကောင်းမွန်စေရေးနှင့် မိုးတွင်းအခါ ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရေးအတွက် ရေမြောင်းဖော်ထုတ်ခြင်းလုပ်ငန်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ယနေ့နံနက် (၇)နာရီက စတင်၍ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ချောက်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုး​ရေးဘဏ်ခွဲမှ​ မိုးရာသီစိုက်ပျိုးစရိတ်​ငွေများ ထုတ်​ချေး
Jun 04,2021
မ​ကွေးတိုင်းဒေသကြီး၊ ​ချောက်မြို့နယ်မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တောင်သူများ အတွက်၂၀၂၁ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ထုတ်ချေးငွေများကို ဇွန် ၁ ရက်​နေ့က စတင်၍ မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲတွင်ထုတ်ချေးပေးလျက်ရှိပြီးချေးငွေလာရောက်ထုတ်ယူသောတောင်သူများအား ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန၏ ကိုဗစ်-၁၉​ရောဂါကာကွယ်ရေး လမ်းညွှန် ချက်များနှင့်အညီ​ချေး​ငွေများထုတ်ချေးပေးလျက်ရှိကြောင်းသိရသည်။
ထန်းတပင်မြို့နယ်၌ ကျောင်းအပ်နှံသည့် ကျောင်းသား၊ ကျောင်းသူ နှစ်သောင်းတစ်ထောင်ကျော် ရှိသည့်အနက် တစ်သောင်းခြောက်ထောင်ကျော် တက်ရောက် ပညာသင်ကြားလျက်ရှိ
Jun 04,2021
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် အခြေခံပညာ ကျောင်း(၁၄၉)ကျောင်း၊ ကိုယ်ပိုင်ကျောင်း(၆)ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၂) ကျောင်းတို့အား ဇွန်လ(၁)ရက်နေ့မှစတင်၍ မြို့နယ်အတွင်း ဖွင့်လှစ်ဆောင်ရွက်လျက်ရှိရာ ဇွန်လ(၃)ရက်နေ့အထိ ကျောင်းအပ်နှံသည့် ကျောင်းသား၊ ကျောင်းသူ(၂၁၄၈၈)ဦးရှိသည့်အနက် တက်ရောက်သည့် ကျောင်းသား၊ ကျောင်းသူဦးရေ (၁၆၁၃၄)ဦးကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
တနင်္သာရီမြို့နယ်တွင် ကျောင်းအပ်နှံမှုအားဆက်လက် လက်ခံဆောင်ရွက်
Jun 04,2021
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း အခြေခံပညာကျောင်းများတွင် ၂၀၂၁-၂၀၂၂ ပညာ သင်နှစ်အတွက် အခြေခံပညာကျောင်းများ ဖွင့်လှစ်ပြီး ကျောင်းသူ/သားများအား ကျောင်းအပ်နှံမှု ဆက်လက်၍ လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ ဇွန်လ(၃)ရက်နေ့တွင် ကျောင်းအပ်နှံမှု စာရင်းမှာ-