သတင်းများ

ကံမမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်ဆင်းပြုလုပ်
Jun 04,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင် ရာဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် မြို့နယ်အတွင်း ရပ်ကွက်ကျေးရွာများမှ နိုင်ငံသားစိစစ်ရေး ကတ် မရှိသည့် ဒေသခံ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ် လက်ဝယ်ကိုင်ဆောင်ခွင့် ရရှိစေရန် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ဇီးတောကျေးရွာအုပ်စုအတွင်းရှိကျေးရွာများသို့ မြို့နယ်ဦးစီးမှုး ဦးတင်အောင်ဝင်းနှင့် ဝန်ထမ်းများ က ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေး ခဲ့ကြ သည်။
ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲကျင်းပ
Jun 04,2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အသက် (၂၅) နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲကို ယမန်နေ့ ညနေ ၄နာရီက ညောင်ဦးမြို့နယ် အားကစားကွင်းတွင်ကျင်းပခဲ့ရာ ညောင်ဦးမြို့နယ် အမျိုးသမီးအသင်းနှင့်ကျောက်ပန်းတောင်း မြို့နယ် အမျိုးသမီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ပြီး ကျောက်ပန်းတောင်းမြို့နယ် အမျိုးသမီး အသင်းက (၃)ဂိုး၊ ညောင်ဦးမြို့နယ်အမျိုးသမီးအသင်းက (၀)ဂိုးဖြင့်ပွဲပြီးဆုံးခဲ့ကြောင်း သိရသည်။
ကျောက်တံခါး မြို့နယ်၌ ၂၀၂၁ ခုနှစ်၊ မိုးစပါး စိုက်ပျိုးစရိတ်ချေးငွေများထုတ်ပေး
Jun 04,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ၂၀၂၁ ခုနှစ်၊ မိုးစပါး စိုက်ပျိုးစရိတ် ချေးငွေ များကို ယမန်နေ့နံနက်(၉) နာရီက ကျောက်တံခါးမြို့နယ်၊ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေး ဘဏ်၌ ခင်အင်းကြီး ကျေးရွာအုပ်စုရှိ တောင်သူများကို ထုတ်ပေးလျက်ရှိကြောင်း သိရပါသည်။
ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေဖြင့် ဆောင်ရွက်သော ကျေးရွာတွင်းလမ်း ကျောက်ရောမြေနီခင်းခြင်းလုပ်ငန်းပြီးစီး
Jun 04,2021
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန နတ်တလင်းမြို့နယ် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ် ကျေးရွာဖွံဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေဖြင့် ဆောင်ရွက်လုပ်ကိုင်သော ကျေးရွာတွင်းလမ်း ကျောက်ရောမြေနီခင်းခြင်းကို ပဲမခမ်းအုပ်စု ကံသာယာကျေးရွာတွင် ဆောင်ရွက်လုပ်ကိုင်ပေးလျက်ရှိရာ ရာနှုန်းပြည့်ပြီးစီးသွားပြီဖြစ်သည်။
၂၀၂၁ ခုနှစ် နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ
Jun 04,2021
၂၀၂၁ ခုနှစ် နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ(၃)နာရီခွဲတွင် ပျဉ်းမနားမြို့၊ ပေါင်းလောင်း အားကစားကွင်း၌ ကျင်းပရာ ဗိုလ်လုပွဲစဉ်အဖြစ် တပ်ကုန်းမြို့နယ် လက်ရွေးစင်ဘောလုံးအသင်းနှင့် ပျဉ်းမနားမြို့နယ် လက်ရွေးစင်ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ တပ်ကုန်းမြို့နယ် လက်ရွေးစင် ဘောလုံးအသင်းက (၁-ဝ)ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။
မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်
Jun 04,2021
၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်း ထူးချွန်စွာအောင်မြင်ခဲ့သည့် ဆီဆိုင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ၏ သားသမီးများအား ဆုချီးမြှင့်ခြင်းနှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားမည့် ဝန်ထမ်းများ၏ သား/သမီး ကျောင်းသား/ကျောင်းသူများအတွက် ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီခွဲက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့ နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
၂၀၂၁ ခုနှစ် နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ
Jun 04,2021
၂၀၂၁ ခုနှစ် နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ(၃)နာရီခွဲတွင် ပျဉ်းမနားမြို့၊ ပေါင်းလောင်း အားကစားကွင်း၌ ကျင်းပရာ ဗိုလ်လုပွဲစဉ်အဖြစ် တပ်ကုန်းမြို့နယ် လက်ရွေးစင်ဘောလုံးအသင်းနှင့် ပျဉ်းမနားမြို့နယ် လက်ရွေးစင်ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ တပ်ကုန်းမြို့နယ် လက်ရွေးစင် ဘောလုံးအသင်းက (၁-ဝ)ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။
ကျွန်းလှမြို့၌ မိုးလုံလေလုံ အားကစားခန်းမ တည်ဆောက်မှု (၃၈) ရာခိုင်နှုန်းပြီးစီး
Jun 04,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၌ အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ပြီး မျိုးဆက်သစ် အားကစားသမား ပေါ်ထွန်းလာစေရန်အတွက် မိုးလုံလေလုံအားကစားခန်းမ တည်ဆောက်လျက်ရှိရာ ယခုအခါ (၃၈)ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ဦးစီးမှူးဒေါ်နွယ်နွယ်ထွန်း ကပြောသည်။